Trending Now

ထိုင်းဘုရင် မဟာဝီဇယာလောင်ကွန်းရဲ့ နန်းတက်ဘိသိတ်ပွဲ အခမ်းအနားစတင်

Spread the love

ထိုင်းဘုရင် မဟာဝီဇယာလောင်ကွန်းရဲ့ နန်းတက်ဘိသိတ်ပွဲ အခမ်းအနားစတင်
EPN
နိုင်ငံတကာ၊ မေ ၄
ထိုင်းဘုရင်ကြီး မဟာဝီဇယလောင်ကွန်းရဲ့ ၃ရက်ကြာပြုလုပ်မယ့် နန်းတက်ဘိသိတ်ပွဲအခမ်းအနားကို ဒီနေ့စတင်နေပြီဖြစ်ကြောင်း ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။ 
ထိုင်းဘုရင်ကြီးဘူမီဘော နတ်ရွာစံသွားခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အိမ်ရှေ့မင်းသားမဟာဝီဇယလောင်ကွန်းဟာ ထိုင်းနိုင်ငံရဲ့ဘုရစ်သစ် ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပြီး ဘုရင်နဲ့ တော်ဝင်မိသားစုတွေဟာ ထိုင်းနိုင်ငံရေးဟာ ပါဝင်ပတ်သက်မှု မရှိကြပါဘူး။
ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်းဟာ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့မှာ ပညာသင်ကြားခဲ့ဘူးပြီး သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ တော်ဝင်စစ်သင်တန်းကျောင်းမှာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ 
၁၉၇၂ ခုနှစ်က ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ်လာခဲ့တဲ့ မဟာဝီဇယလောင်ကွန်းဟာ နန်းတက်ဘိသိတ်ခံပွဲ မကျင်းပမီ ရက်ပိုင်းအလိုက သူ့ကိုယ်ရံတော်တပ်ဖွဲ့မှ အကြီးအကဲ စုသီတာကို မိဖုရားအဖြစ် တင်မြောက် ခဲ့ပါတယ်။
——————————————————–

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။