Trending Now

အကြမ်းဖက်လုပ်ရပ်တွေအပေါ် အားပေးထောက်ခံနေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟောင်း ၃ ဦးအပါအဝင် လူ ၁၂ ဦး အဖမ်းခံရပြီး၊ အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းခံရ

Spread the love

အကြမ်းဖက်လုပ်ရပ်တွေအပေါ် အားပေးထောက်ခံနေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟောင်း ၃ ဦးအပါအဝင် လူ ၁၂ ဦး အဖမ်းခံရပြီး၊ အဆောက်အဦးတွေ ချိတ်ပိတ် သိမ်းဆည်းခံရ

EPN
မြိုင်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆက်နွှယ်နေတဲ့ လူ ၁၂ ယောက် အဖမ်းခံရပြီး၊ အဖမ်းခံရသူတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် မနေ့က ချိတ်ပိတ်လိုက်တယ်လို့ မြိုင်မြို့ခံတွေထံက သိရပါတယ်။

“အဖမ်းခံရတဲ့အထဲမှာ အရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ၃ ယောက်ပါဝင်တယ်၊ အားလုံး လူ ၁၂ ယောက် အဖမ်းခံထားရတယ်၊ သူတို့ရဲ့ အိုအိမ်မှန်သမျှ ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ ချိတ်ပိတ်နေပြီ ” လို့ မြိုင်မြို့ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် စီမံခန့်ခွဲရေး အဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က “အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းဇော်လွင်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဆွေ နဲ့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း တို့ဟာ ဖမ်းခံရတဲ့အထဲ ပါဝင်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အမှတ် (၂) ရပ်ကွက်တွင် NLD ပါတီဝင်များဖြစ်တဲ့ ဦးဝေဖြိုး၊ မချောစု၊ မောင်ပြည့်ဖြိုးသော်၊ မယဉ်အေး၊ ဦးကျော်သက်၊ ဦးကုလား၊ ဦးရဲမျိုးမြတ်၊ ကိုဇော်ထိုက်၊ ကိုကျော်ဇေယျတို့လည်း အဖမ်းခံရတယ်လို့ သိရပါတယ်။

အဲ့ဒီသူတွေ အဖမ်းခံရပြီးနောက်ပိုင်း မနေ့စလို့ မြိုင်မြို့ပေါ်မှာ အဆောက်အဦးတချို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ချိတ်ပိတ်တာတွေရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ အဖမ်းခံရတဲ့သူတွေနဲ့ပတ်သက်လို့ သီးခြား သတင်းအတည်ပြုချက် ရရှိဖို့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတချို့ထံ EPN က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။