Trending Now

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က နိုင်ငံရဲ့ ကူးစက်ရောဂါ ကာကွယ်ရေး စနစ်မှာ အားနည်းချက်ရှိနေတယ်လို့ သတိပေး

Spread the love

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က နိုင်ငံရဲ့ ကူးစက်ရောဂါ ကာကွယ်ရေး စနစ်မှာ အားနည်းချက်ရှိနေတယ်လို့ သတိပေး

EPN
နိုင်ငံတကာ၊ မေ ၁၄

မြောက်ကိုရီးယားမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို မေလ ၁၂ ရက်နေ့က အတည်ပြုခဲ့ပြီးတဲ့နောက် ကင်ဂျုံအန်း က နိုင်ငံရဲ့ ကူးစက်ရောဂါ ကာကွယ်ရေး စနစ်မှာ အားနည်းချက်ရှိနေတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

မစ္စတာကင်က အဲ့ဒီနေ့မှာပဲ နိုင်ငံရဲ့ ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ ကာကွယ်ရေး ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ကပ်ရောဂါ အခြေအနေနဲ့ပတ်သက်တဲ့ အစီရင်ခံမှုတွေကို နားထောင်ခဲ့ပြီး နိုင်ငံတွင်းက မြို့တွေနဲ့ မြို့နယ်တွေအားလုံးကို လော့ဒေါင်းချဖို့ ခေါင်းဆောင်ကင်က တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒီနောက် မြို့တော်ဧရိယာအတွင်း ဖျားနာမှုတွေပျံ့နှံ့နေတာဟာ နိုင်ငံရဲ့ ကပ်ရောဂါ ကာကွယ်ရေးစနစ်မှာ အားနည်းချက်ရှိနေတာကို ပြသနေတယ်လို့ မစ္စတာကင်က ပြောကြားခဲ့ပြီး ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးဆိုင်ရာအစီအမံတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းကတည်းက နိုင်ငံတဝန်း ရောဂါအမည်မတပ်နိုင်တဲ့ ဖျားနာမှုတွေ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး လူ ၃၅၀,၀၀၀ ကျော် ဖျားနာခဲ့တယ်လို့ အဏာရအလုပ်သမားပါတီ သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဧပြီလနှောင်းပိုင်းမှစတင်ကာ ဖျားနာမှုကြောင့် စုစုပေါင်းသေဆုံးသူ ၂၇ ဦး ရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ လူပေါင်း ၂၄၃၆၃၀ ဦး၊ သီးခြားခွဲထားဆဲ လူဦးရေ ၂၈၀၈၁၀ အထိရှိနေတယ်လို့ အဲ့ဒီသတင်းစာက ဖော်ပြခဲ့ပါတယ်။

Source – NHK – aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။