Trending Now

ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ၃ ရက်အတွင် ဖမ်းဆီးရမိ

Spread the love

ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ၃ ရက်အတွင် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မေ ၂

ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ ဒီဇယ်၊ ဆိုင်ကယ် နှင့် အခြား တရားမဝင်ကုန်ပစ္စည်းများကို ၃ ရက်အတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၉ ရက်နေ့တွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း တင်ပြနိုင်ခြင်းမရှိသော စုစုပေါင်း ငွေကျပ် သိန်း ၉၀၀ ကျော်တန်ဖိုးရှိ ငရုတ်သီး ခြောက်အိတ်၊ Full Moon Wine နှင့် ဆိုင်ကယ်များ နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော ၁၂ ဘီးကုန်တင်ယာဉ်နှစ်စီးတို့ အား တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ကော်မီတီက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ် လက်ပံတန်းစုကျေးရွာအနီး၌ တရားမဝင် ကျွန်းပရိဘောဂအပိုင်းအစများ ၀ ဒသမ ၆၀၅၆ တန် နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီး စုစုပေါင်း (ခန့်မှန်းငွေကျပ် သိန်း ၁၅၀ ကျော်) ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မေ ၁ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ ဒီဇယ် ပီပါ (ချက်ဆီ) အလုံး ၄၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၄၀၀ ကျော်ကို ) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြိုးဝိုင်းအတွင်း တရားမဝင် ပျဉ်းကတိုး သစ်ခွဲသား ၁ ဒသမ ၉၂၉၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ သိန်းခန့်) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၉ ရက်နှင့် မေ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၂၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။