Trending Now

YPDF(BaHan) ၏ ခေါင်းဆောင်ဗိုလ်ထက်လင်း လက်လုပ်ဗုံးဆင်ရင်း မတော်တဆပေါက်ကွဲ၍ သေဆုံး

Spread the love

YPDF(BaHan) ၏ ခေါင်းဆောင်ဗိုလ်ထက်လင်း လက်လုပ်ဗုံးဆင်ရင်း မတော်တဆပေါက်ကွဲ၍ သေဆုံး

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

Yangon People’s Defense Force Bahan အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ထက်လင်းသည် လက်လုပ်ဗုံး ဆင်ရင်း မတော်တဆပေါက်ကွဲ၍ သေဆုံးသွားကြောင်း YPDF(BaHan) မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် YPDF(BaHan) ၏ ခေါင်းဆောင် ဗိုလ်ထက်လင်းသည် လက်လုပ်ဗုံးဆင်ရင်း မတော်တဆပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးသွား ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

YPDF(BaHan) အဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ မြဝတီ ဘဏ်တွင် တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသား ရေးရာဌာနရုံးကို ဖောက်ခွဲခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#YPDF_BaHan #လက်လုပ်ဗုံးပေါက်ကွဲ #PDF #PMNews


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။