Trending Now

မိုးညႇင္းအက်ဥ္းေထာင္မွ အက်ဥ္းသား ၁၃၂၅ ဦး လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လႊတ္ေျမာက္

Spread the love

မိုးညႇင္းအက်ဥ္းေထာင္မွ အက်ဥ္းသား ၁၃၂၅ ဦး လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လႊတ္ေျမာက္

EPN
မိုးညႇင္း၊ ဧၿပီ ၂၆

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ရွိ အက်ဥ္းေထာင္မွ ဒုတိယအႀကိမ္ေျမာက္ အက်ဥ္းသားအက်ဥ္းသူ (၁၃၂၅)ဦး တို႔ကို ယေန႔ ဧၿပီ(၂၆)ရက္ နံနက္(၁၀)နာရီအခ်ိန္တြင္ ႏိုင္ငံေတာ္ သမၼတ၏ လႊတ္ၿငိမ္းသက္သာခြင့္ ျဖင့္ လႊတ္ေျမာက္ခဲ့သည္။

အဆိုပါ လႊတ္ေျမာက္လာသူမ်ားကို မိုးညႇင္း အက်ဥ္းဦးစီးဌာနမွ မိုးညႇင္းဘူတာႀကီးသို႔ အေရာက္ပို႔ေဆာင္ေပး ခဲ့ေၾကာင္း မိုးညႇင္းအက်ဥ္းဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ေထာင္ပိုင္တာဝန္ခံ ဦးသိန္းေဇာ္ေမာင္က ေျပာသည္။

“အဓိက ကေတာ့ က်ေနာ္တို႔အခုလက္ရွိ ေထာင္နဲ႔မိုးညႇင္းၿမိဳ႕တြင္း က (၁၀)မိုင္နဲ႔(၉)မိုင္ နီးပါးကြာေဝးတဲ့အတြက္ ယခုလို အက်ဥ္းသားေတြကို သက္ေတာင့္သက္သာ အႏၲရာယ္ကင္းကင္း စိတ္ခ်လုံၿခဳံမူ႔ရွိေအာင္ ယခုလိုစီစဥ္ေပးရျခင္းျဖစ္ပါတယ္။ႏိူင္ငံေတာ္သမၼတရဲ႕လမ္းၫႊန္မူ႔နဲ႔ အတူ လြတ္ၿငိမ္းသက္သာခြင့္ျပဳရတဲ့ အက်ဥ္းသားအက်ဥ္းသူမ်ား နဲ႔အတူ ထပ္တူေပ်ာ္႐ႊင္ဝမ္းသာမိပါတယ္”ဟု ၎က ေျပာသည္။

“လြတ္ၿငိမ္းသာခြင့္ျပဳရရွိေသာ ” အက်ဥ္းသားအက်ဥ္းသူမ်ားကို မိုးညႇင္းၿမိဳ႕ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအး မွ ဆုံးမဩဝါဒ ေပးခဲ့ၿပီး ခ႐ိုင္အုပ္ခ်ဴပ္ေရးမႉးဦးခင္ေမာင္ေလး၊ ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉးဦးရဲေအာင္ ႏွင့္ ခ႐ိုင္ၿမိဳ႕နယ္အဆင့္တာဝန္ရွိသူတို႔မွ အက်ဥ္းသားအက်ဥ္းသူတို႔အား အားေပးႏွစ္သိမ့္ဆုံးမစကား ေျပာၾကားခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏွစ္သစ္ကူးအခါသမယ အထိမ္းအမွတ္အားျဖင့္ လည္းေကာင္း၊ ျပည္သူလူထုႏွလုံး စိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသားျခင္းစာနာေထာက္ထားမႈကိုအေလးထားေသာအားျဖင့္လည္းေကာင္း၊ ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ဆက္ဆံသည္ကို ေရွးရႈေသာအားျဖင့္လည္းေကာင္း ျမန္မာတစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္မ်ားမွအက်ဥ္းသား/သူ၉၅၃၅ဦး ကို ပထမအႀကိမ္အျဖစ္ ဧၿပီ(၁၇)ရက္က လႊတ္ေျမာက္ခဲ့သည္။

မိုးျမင့္
—————————————————–

မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၃၂၅ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်

EPN
မိုးညှင်း၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အကျဉ်းထောင်မှ ဒုတိယအကြိမ်မြောက် အကျဉ်းသားအကျဉ်းသူ (၁၃၂၅)ဦး တို့ကို ယနေ့ ဧပြီ(၂၆)ရက် နံနက်(၁၀)နာရီအချိန်တွင် နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်းသက်သာခွင့် ဖြင့် လွှတ်မြောက်ခဲ့သည်။

အဆိုပါ လွှတ်မြောက်လာသူများကို မိုးညှင်း အကျဉ်းဦးစီးဌာနမှ မိုးညှင်းဘူတာကြီးသို့ အရောက်ပို့ဆောင်ပေး ခဲ့ကြောင်း မိုးညှင်းအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ထောင်ပိုင်တာဝန်ခံ ဦးသိန်းဇော်မောင်က ပြောသည်။

“အဓိက ကတော့ ကျနော်တို့အခုလက်ရှိ ထောင်နဲ့မိုးညှင်းမြို့တွင်း က (၁၀)မိုင်နဲ့(၉)မိုင် နီးပါးကွာဝေးတဲ့အတွက် ယခုလို အကျဉ်းသားတွေကို သက်တောင့်သက်သာ အန္တရာယ်ကင်းကင်း စိတ်ချလုံခြုံမူ့ရှိအောင် ယခုလိုစီစဉ်ပေးရခြင်းဖြစ်ပါတယ်။နိူင်ငံတော်သမ္မတရဲ့လမ်းညွှန်မူ့နဲ့ အတူ လွတ်ငြိမ်းသက်သာခွင့်ပြုရတဲ့ အကျဉ်းသားအကျဉ်းသူများ နဲ့အတူ ထပ်တူပျော်ရွှင်ဝမ်းသာမိပါတယ်”ဟု ၎င်းက ပြောသည်။

“လွတ်ငြိမ်းသာခွင့်ပြုရရှိသော ” အကျဉ်းသားအကျဉ်းသူများကို မိုးညှင်းမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး မှ ဆုံးမဩဝါဒ ပေးခဲ့ပြီး ခရိုင်အုပ်ချူပ်ရေးမှူးဦးခင်မောင်လေး၊ မြို့နယ်အုပ်ချူပ်ရေးမှူးဦးရဲအောင် နှင့် ခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူတို့မှ အကျဉ်းသားအကျဉ်းသူတို့အား အားပေးနှစ်သိမ့်ဆုံးမစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံသည်ကို ရှေးရှုသောအားဖြင့်လည်းကောင်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှအကျဉ်းသား/သူ၉၅၃၅ဦး ကို ပထမအကြိမ်အဖြစ် ဧပြီ(၁၇)ရက်က လွှတ်မြောက်ခဲ့သည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။