Trending Now

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် နှစ်စဉ်ပျမ်းမျှဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဟုဆို

Spread the love

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် နှစ်စဉ်ပျမ်းမျှဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာ ဟွေထိုက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသော ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် နှစ်စဉ်ပျမ်းမျှဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် အမြင့် ၈၂ ပေခန့်ရှိသည့် ကွန်ကရစ်ရေလွှဲဆည်၊ အလျား ၁၇၈၃ ပေခန့်ရှိသည့် ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံ စသည့်ရေအားအဆောက်အအုံများပါဝင်သည့် တိုက်ရိုက်ရေသွယ်စနစ်ပုံစံ(Run-of-River Type) ဖြင့်တည်ဆောက်ပြီး စက်တပ်ဆင်အင်အား ၄ မဂ္ဂါဝပ် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေအားလျှပ်စစ် စီမံကိန်းကို လဟယ်မြို့တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာ ကြားချက်နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။