Trending Now

ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများဖြစ်မည်ကို စိုးရိမ်သည့်အတွက် အနီးအနားရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

Spread the love

ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများဖြစ်မည်ကို စိုးရိမ်သည့်အတွက် အနီးအနားရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

EPN
မြစ်ကြီးနား၊ မတ် ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ တပ်မတော်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အနီးအနားမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ (၁၁)ရက်နေ့က စတင်ကာ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃) စာသင်ကျောင်းအနီးရှိ တပ်မတော်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်လည်း ကျေးရွာအနီးအနားတွင် နှစ်ဖက်စစ်ရေး လှုပ်ရှားမှုများကို မြင်တွေ့ရသည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

” ရပ်ကွက် (၃)မှာက စခန်းကုန်းရှိတယ်။ မတ်လ (၁၁)ရက်နေ့လောက်ကစပြီး အဲ့ဒီနားမှာ ပစ်ခတ်မှုတွေ ရှိနေတာ။ စခန်းကုန်းဘေး အနီးအနားက ဒေသခံတွေကတော့ တိုက်ပွဲက အချိန်မရွေး ဖြစ်လာမှာသိတော့ ဘေးလွတ်ရာဘက်တွေ ပြေးနေရပြီ။ ကျေးရွာအဝင်အထွက်တွေ ပိတ်ထားတယ်။ လက်ရှိမှာလည်း အပြင်ထွက်သွားလာတာတွေ မရှိတော့ဘူး ” ဟု ၎င်းကပြောသည်။

KIA/ PDF ပူးပေါင်းအဖွဲ့မှ ကျေးရွာလူနေအိမ်များအတွင်း နေရာယူကာ အသံချဲ့စက်များဖြင့် လက်နက်ချရန် သတိပေးခြင်းများ စခန်းမှ ဆုတ်ခွာပေးခြင်းများကို ပြုလုပ်ရန် ပြောဆိုသံများကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သူတို့က ကျေးရွာထဲတွေမှာ နေရာယူပြီး တစ်ဖက်ကို မိုက်တွေ၊ အသံချဲ့စက်တွေနဲ့ လက်နက်ချဖို့ဆိုပြီး ပြောနေတာ။ နှစ်ဖက်က အခြေအနေ တင်းမာလာမှာကိုကြောက်တော့ အန္တရာယ်တွေကြားကပဲ အဲ့ဒီတိုက်ပွဲ ဖြစ်နိုင်ခြေရှိတဲ့ နေရာကနေ အများစု ပြေးလာနေရတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆိုင်းတောင်ကျေးရွာသို့ သွားလာဝင်ထွက်မှုများကို တားမြစ်ထားကြောင်း၊ ကျေးရွာအတွင်းတွင်လည်း လမ်းသွားလမ်းလာများ မပြုလုပ်ဘဲ နေအိမ်အတွင်းသာ နေထိုင်နေရကြောင်း သိရသည်။

အလားတူ မတ်လ (၃)ရက်နေ့ကလည်း တာမခန်ကျေးရွာအနီး တပ်မတော်စခန်းများကို KIA/ PDF ပူးပေါင်းအဖွဲတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး၊ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။