Trending Now

စပိန်ရဲက ကိုကင်းတွေ တန်နဲ့ချီသယ်ဆောင်လာတဲ့ ရွက်လှေတစ်စီးကို ဖမ်းဆီးရမိ

Spread the love

စပိန်ရဲက ကိုကင်းတွေ တန်နဲ့ချီသယ်ဆောင်လာတဲ့ ရွက်လှေတစ်စီးကို ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃

စပိန်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမှာ ရွက်လှေတစ်စင်းပေါ်ကနေ ယူရို သန်း ၇၀ (အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၇ သန်း) ရှိတဲ့ ကိုကင်း မက်ထရစ်တန် နှစ်တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

လက်တင်အမေရိက ကနေ ဥရောပကို တင်ပို့လေ့ရှိတဲ့ ကိုကင်း တင်ပို့မှု အများစုကို စပိန်နိုင်ငံ အနောက်ပိုင်း အတ္တလန္တိတ် ကမ်းရိုးတန်းတစ်လျှောက် ဖမ်းမိလေ့ရှိတယ်လို့ ရဲက ပြောပါတယ်။

ဗြိတိန်အလံနဲ့ ရွက်လွင့်နေတဲ့ Night Falls လို့ အမည်ပေးထားတဲ့ ရွက်လှေကို ဆိပ်ကမ်းမြို့ ဆန်တန်ဒါကနေ ရေမိုင် ၃၀ ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရွက်လှေပေါ်မှာ လိုက်ပါလာတဲ့ စပိန်နိုင်ငံသားတစ်ဦး၊ ကိုလံဘီယာ နိုင်ငံသား တစ်ဦးနဲ့ ဗင်နီဇွဲလား နိုင်ငံသား နှစ်ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref; CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။