Trending Now

ထိုင်ဝမ်ခရီးစဉ်အတွက် အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပေလိုစီ နဲ့ အမေရိကန်ကို တရုတ်က ပိတ်ဆို့အရေးယူ

Spread the love

ထိုင်ဝမ်ခရီးစဉ်အတွက် အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပေလိုစီ နဲ့ အမေရိကန်ကို တရုတ်က ပိတ်ဆို့အရေးယူ

EPN
နိုင်ငံတကာ၊ သြဂုတ် ၆

တရုတ်က တားမြစ်ထားတဲ့ကြားက ထိုင်ဝမ်ခရီးစဉ်ကို သွားရောက်ခဲ့တဲ့ အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပေလိုစီ နဲ့ အမေရိကန်ကို တရုတ်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ စီအန်အန် သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်ဝမ်ခရီးစဉ်အတွက် ပေလိုစီနဲ့ သူမရဲ့ မိသားစုဝင်တွေကို ပိတ်ဆို့အရေးယူမယ်လို့ ပေကျင်းက ကြေညာခဲ့ပြီး နာရီပိုင်အကြာမှာပဲ အမေရိကန်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ဆိုင်းငံ့လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အစီအမံတွေဟာ တရုတ် နဲ့ အမေရိကန် ကာကွယ်ရေး ခေါင်းဆောင်များအကြား အနာဂတ် ဖုန်းခေါ်ဆိုမှု အစည်းအဝေးတွေ ဖျက်သိမ်းခြင်း အပါအဝင် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေး ယန္တရားအောက်မှာ နှစ်စဉ်ပြုလုပ်နေကြ ရေတပ်အစည်းအဝေးတွေ ဖျက်သိမ်းခြင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ပို့ရေး၊ ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံ ဆိုင်းငံ့လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နန်စီပေလိုစီ ထိုင်ဝမ်ကို လာရောက်ခဲ့တာဟာ တရုတ်ရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ပြင်ထန်စွာ ထိခိုက်စေခဲ့တဲ့အပြင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြင်းထန်စွာ နင်းချေလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Source – CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။