Trending Now

ကချင်ပြည်နယ်လွှတ်တော်ရုံး Covid-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေးခဲ့

Spread the love

ကချင်ပြည်နယ်လွှတ်တော်ရုံး Covid-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေးခဲ့

EPN
မြစ်ကြီးနား၊ မတ် ၁၁

ကချင်ပြည်နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ၏ လမ်းညွန်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကချင်အထူးဒေသ(၁) ပန်ဝါဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ကြီးမှ ယမန်နေ့ မေလ ၉ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကချင်ပြည်နယ်လွှတ်တော်ရုံး Covid-19 ရောဂါကာကွယ်ရေးအတွက် (84-ပိုးသတ်ဆေးရည်) ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်အထူးဒေသ(၁) ပန်ဝါဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ ကြီးမှ ကချင်ပြည်နယ်လွှတ်တော်ရုံးရှိ လွှတ်တော် အစည်းအဝေးခန်းမ၊ အခြားအစည်းအဝေးခန်းများ၊ လျှောက်လမ်းများနှင့် လွှတ်တော်ရုံးဝန်း အတွင်း လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များတည်းခိုမည့် ဧည့်ရိပ်သာအဆောက်အဦးအတွင်းနှင့် ဧည့်ရိပ်သာဝန်းတို့ အားလည်းကောင်း ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကို (၁၈-၅-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ အစည်းအဝေးကာလအတွင်း Covid-19 ရောဂါအန္တရာယ် ကင်းရှင်းစေရန် အတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်နေမှုကို ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဦးလှဦးတို့မှ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကချင်အထူးဒေသ(၁) ပန်ဝါဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ ကြီး အတွက် မြစ်ကြီးနားမြို့ ကျေးလက်ကမ္ဘာ စားသောက်ဆိုင်၊ ဟိုက်ဝါး ဟော့ပေါ့ဆိုင်၊ ဆဲဗင်းဝမ်း ဆိုင်ကယ်ဆိုင်၊ ခိုင်လင်းစဏ်ဆောက်လုပ်ရေး ကုမ္ပဏီတို့က လိုအပ်သည့် ဆေးပစ္စည်းနှင့် စက်ကရိယာများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။