Trending Now

မက္ကဆီကို မူးယစ်ဆေး ပြန်လည်ထူထောင်ရေးစခန်းကို သေနတ်သမားများ တိုက်ခိုက်ရာ လူ ၁၀ ဦး သေဆုံး

Spread the love

မက္ကဆီကို မူးယစ်ဆေး ပြန်လည်ထူထောင်ရေးစခန်းကို သေနတ်သမားများ တိုက်ခိုက်ရာ လူ ၁၀ ဦး သေဆုံး

EPN
နို်င်ငံတကာ၊ ဇွန် ၇

မက္ကဆီကိုနိုင်ငံ၊ အိုင်ရာပွာတိုမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုကို ဇွန် လ ၆ ရက်တွင် သေနတ်သမားများက တိုက်ခိုက်ခဲ့ရာ လူဆယ်ဦး သေဆုံးခဲ့ကြောင်း ဂွာနာဟွာတိုပြည်နယ်အစိုးရ က ပြောကြားသည်။

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ ဂွာနာဟွာတိုဒေသမှာ သမ္မတ အန်ဒရစ်မန်နျူရယ်လ်လိုပက်အော်ဘရေဒါ က ဖြိုခွင်းမည်ဟု ကတိပြုထားသည့် မူးယစ်ဂိုဏ်းများကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရန် အသွားအလာကန့်သတ်မှု အစီအမံများ ပြ ဌာန်းထားလင့်ကစား လူသတ်မှုများ စံချိန်တင် ဆက်လက်ဖြစ်ပွားနေသည်။

ကနဦးတွေ့ရှိချက်များအရ မည်သူမည်ဝါဟုမသိရသော သေနတ်သမားသုံးဦးက ဂွာနာဟွတာဟုလည်း ခေါ်ဆိုသည့် ပြည်နယ်မြို့တော်၏တောင်ဘက် အချက်အချာစက်မှုနယ်မြေတစ်ခုဖြစ်သော အိုင်ရာပွာတိုမြို့ရှိ မူး ယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုအတွင်း အစိုးရက ပြောကြားခဲ့သည်။

အိုင်ရာပွာတိုမြို့တော်၏ အရှေ့တောင်ဘက် စီလာရာမြို့တွင် ယမန်နေ့က နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ပစ်သတ်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ပြည်နယ်အစိုးရက ပြောကြား သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းကို ထိန်းချုပ်လိုသည့် ရာဇဝတ်ဂိုဏ်းများသည် ယခင်က လည်း မူးယစ်းဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများကို ပြစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာမြို့တော်ရှိ မူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုအပေါ် သံသယဖြစ်ဖွယ်ရာ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Ten shot dead in attack on Mexican drug rehab center


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။