Trending Now

ကိုလံဘီယာမှာ လေယာဉ်ပျက်ကျပြီး ရက်ပေါင်း ၄၀ ကြာ တောနက်ထဲမှာ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၄ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

Spread the love

ကိုလံဘီယာမှာ လေယာဉ်ပျက်ကျပြီး ရက်ပေါင်း ၄၀ ကြာ တောနက်ထဲမှာ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၄ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၁၀

အမေဇုန်တောထဲမှာ လေယာဉ်ငယ်ပျက်ကျပြီး ရက်ပေါင်း ၄၀ ကြာ ပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ် ၄ ဦးကို သောကြာနေ့က အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့တယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေး သမားတွေက သူတို့ကို တွေ့ရှိချိန်မှာ တစ်စုတစ်စည်းထဲ ရှိနေခဲ့ကြပြီး အခုအခါ ဆေးကုသမှုခံယူနေရကြောင်း သမ္မတ Gustavo ကပြောပါတယ်။

သမ္မတက ” သူတို့ကို အသက်ရှင်လျက် ပြန်တွေ့ရတာ အလွန်၀မ်းသာပါတယ်။ ဒီအဖြစ်အပျက်ဟာ သမိုင်းတွင်နေမယ့် ဖြစ်စဥ်တစ်ခုပါ ” လို့ ပြောပါတယ်။

ကလေးငယ်တွေ တောနက်ထဲမှာ ရက်ပေါင်းများစွာ ဘယ်လိုရှင်သန် နေထိုင်ခဲ့ သလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ခရီးသည်ခြောက်ဦးနဲ့ လေယာဉ်မှူးတစ်ဦးတို့လိုက်ပါလာတဲ့ Cessna အင်ဂျင်တစ်လုံးတည်း လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မေလ ၁ ရက်အစောပိုင်းမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျပြီး နှစ်ပတ်အကြာ မေလ ၁၆ ရက်နေ့မှာ ရှာဖွေရေးအဖွဲ့က လေယာဉ်ကို မိုးသစ်တောထူထပ်တဲ့ နေရာမှာ အရွယ်ရောက်ပြီးသူ သုံးဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့ပေမယ့် ကလေးငယ်တွေက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

သူတို့ အသက်ရှင် နေနိုင်တယ်လို့ ယူဆရတဲ့အတွက် ကိုလံဘီယာစစ်သား ၁၅၀ ခန့်က ကလေးတွေကို လိုက်လံရှာဖွေရာ အသက် ၁၂၊ ၉၊ ၄ နှစ်နဲ့ ၁၁ လအရွယ် မွေးချင်းလေးယောက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်း ဌာနေမျိုးနွယ်စုတွေကလည်း ရှာဖွေရေးကို ကူညီပေးခဲ့ပါတယ်။

ref;AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။