Trending Now

ရွာသစ်ကျေးရွာအတွင်းသို့ KNLA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ် ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

Spread the love

ရွာသစ်ကျေးရွာအတွင်းသို့ KNLA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ် ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

EPN
မြဝတီ၊ မတ် ၁၃ (၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းသို့ KNLA၊ PDF ပူးပေါင်းအဖွဲ့မှ ပြီးခဲ့သည့် မတ် ၇ ရက်မွန်းလွဲပိုင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစက၏ သ တင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က KNLA၊ PDF ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ ရွှေမြစန္ဒီ တိုးချဲ့ကွက်သစ်နေရာမှနေ၍ ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းရှိ ဒေါ်ဇင်မာထွန်း၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ဇင်မာထွန်းမှာ လက်နက်ကြီးစထိမှန်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ ယင်း နေအိမ်အနီးရှိ အမျိုးသား ၃ ဦးတွင်လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား လုံခြုံရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် လုံခြုံရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့်ပြစ်မှုကျူးလွန်ခဲ့သည့် KNLA၊ PDF ပူးပေါင်းအဖွဲ့ဝင်များအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။