Trending Now

အမျိုးသမီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပြည့်နေတဲ့ ခရီးဆောင်အိတ်နှစ်လုံးကို ဂျပန်ရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိ

Spread the love

အမျိုးသမီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပြည့်နေတဲ့ ခရီးဆောင်အိတ်နှစ်လုံးကို ဂျပန်ရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁

ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမမြို့ မြစ်ဆိပ်ကမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးထဲကနေ အင်္ဂါအစိတ်အပိုင်းတွေ ပြည့်နေတဲ့ ခရီးဆောင်အိတ်နှစ်လုံးကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အင်္ဂါအစိတ်အပိုင်းတွေဟာ အသက် ၂၀-၄၀ အရွယ် အမျိုးသမီးတစ်ဦဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး သူမဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအပြင် ကားအနီးက မြစ်ကမ်းစပ်မှာ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီး ကားထဲမှာ သူ့ပုံပါတဲ့ ယာဉ်မောင်းလိုင်စင်ကို တွေ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားနဲ့ တစ်စစီဖြစ်နေတဲ့ အမျိုးသမီးရုပ်အလောင်းကြားက ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

— ကိုးကား —
NHK
Ref; Body parts found in suitcases in western Japan could be of adult woman

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။