Trending Now

အိုင်စတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ဉာဏ်ရည်မြင့်မားနေတဲ့ အသက် ၁၂ အရွယ်မိန်းကလေး

Spread the love

အိုင်စတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ဉာဏ်ရည်မြင့်မားနေတဲ့ အသက် ၁၂ အရွယ်မိန်းကလေး

EPN
နိုင်ငံတကာ၊ မတ် ၂၅

အန်ဝီတာဖာဝယ်လ် ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် မန်ချက်စတာကျောင်းသူလေးတစ်ယောက်ဟာ အိုင်စတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ဉာဏ်ရည်မြင့်မားနေတာကို တွေ့ရှိခဲ့ရတယ်လို့ မန်ချက်စတာ သတင်းဌာနက ဖော်ပြထားပါတယ်။

သူမရဲ့ ဖခင်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအတိုင်ပင်ခံဖြစ်သလို အမေက PhD ဘွဲ့ရ သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဉာဏ်ရည် စစ်ဆေးတဲ့ အဖွဲ့အစည်း Mensa နဲ့ သူမကို စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုရလဒ်တွေအရ သူမက အဲလ်ဘတ်အိုင်းစတိုင်း နဲ့ စတီဖင်ဟော့ကင်းတို့ရဲ့ ရမှတ်တွေထက် ပိုမိုမြင့်မာပြီး အမြင့်ဆုံး ရမှတ် ၁၆၂ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

“မူလတန်းကျောင်းပြီးကတည်းက အန်ဝီတာက ကျွန်တော့်ဇနီး ကိုယ်တိုင်မသိတဲ့ သင်္ချာဖြေရှင်းနည်းတစ်ချို့ကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် တစ်ခုခုတော့ ဖြစ်နေပြီလို့ ထင်ခဲ့တယ်” လို့ ဖခင်ဖြစ်သူ ဂျေးက ပြောပါတယ်။

သမီးဖြစ်သူဟာ သင်္ချာဘာသာရပ်မှာ ထူးထူးခြားခြား အရည်အချင်းရှိကြောင်း ကို သိရှိခဲ့ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိတယ်လို့ သူမရဲ့ မိဘတွေက ပြောဆိုခဲ့ပါတယ်။

ref; manchestereveningnews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။