Trending Now

ချမ်းမြသာစည်၌ လူငယ်တစ်ဦး ပစ်သတ်ခံရ

Spread the love

ချမ်းမြသာစည်၌ လူငယ်တစ်ဦး ပစ်သတ်ခံရ

EPN
မန္တလေး၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့၊ မနက်ပိုင်းက လူငယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသားသည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး၊ ချမ်းမြသာစည်မြို့နယ်၊တက်သေးအင်း ကန်ပတ်လမ်းအတိုင်း ဆိုင်ကယ်စီးလာစဉ် ကုက္ကိုလ်ကျွန်းစားသောက်ဆိုင်အနီး အရောက်တွင် လူငယ်အမျိုးသားကို အမည်မသိ သေနတ်သမားက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိသည့် ဒေသခံ တစ်ဦးက ပြောသည်။

” စားသေက်ဆိုင်နားမှာ အပစ်ခံရတာ။ ဆိုင်ကယ်မောင်းလာတာကို အနောက်က ဆိုင်ကယ်နဲ့ လိုက်ပစ်သွားတာ။ ပွဲချင်းပြီး သေတယ်။ ဘယ်သူ ပစ်သွားတာလဲတော့ မသိရဘူး။ အပစ်ခံရတဲ့ လူငယ်ကလည်းဘယ်ကမှန်း မသိရသေးဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ အသက် ၂၀ ကျော်အရွယ် အမျိုးသားလူငယ်ကို အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့သည့်အတွက် ဦးခေါင်းကျည် ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်ကို သက်ဆိုင်ရာက အသေးစိတ် စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် အနောက်ရပ်ကွက်ရှိ ရာအိမ်မှူး ဦးသန်းမင်းကို အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။