Trending Now

ဖိလစ်ပိုင်မှာ ဘူလူဆန်မီးတောင် ပေါက်ကွဲပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်

Spread the love

ဖိလစ်ပိုင်မှာ ဘူလူဆန်မီးတောင် ပေါက်ကွဲပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်

EPN
နိုင်ငံတကာ၊ ဇွန် ၇

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းလူဇုန် မှာ ရှိတဲ့ ဘူလူဆန်မီးတောင်ဟာ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက အနက်ရောင်မီးခိုးတွေနဲ့အတူ ပြာတွေ ပေါက်ကွဲခဲ့ပြီးနောက် အာဏာပိုင်တွေက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အေဘီစီ သတင်းဌာနရဲ့ ဖော်ပြချက်အရ မီးတောင်ဟာ အနက်ရောင်မီးခိုးတွေနဲ့အတူ မိုင်ဝက်ခန့်ရှိတဲ့ ပြာတွေ ပေါက်ထွက်လာခဲ့ပြီး အနီးနားမှာရှိတဲ့ သစ်တောတွေနဲ့ လူနေအိမ်တွေကို ပြာတွေဖုံးလွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မီးတောင်ပေါက်ကွဲပြီးနောက် ကျယ်လောင်တဲ့ ဆူညံသံတွေထွက်ပေါ်လာခဲ့သလို ငလျင်ကဲ့သို့ တုန်ခါမှုတွေ အကြိမ် ၃၀ နီးပါး ဖြစ်ပေါ်ခဲ့တယ်လို့ ဘီကိုလောဒ့် မြို့မှာနေထိုင်တဲ့ သူတွေကပြောပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေက မီးတောင်ပြာတွေ ဖုံးလွမ်းသွားခဲ့တဲ့ ဒေသက လူတွေကို ယာယီရွှေ့ပြောင်းပေးဖို့ ပြင်ဆင်နေပြီး မီးတောင်ဟာ ပြင်းထန်စွာပေါက်ကွဲဖြစ်ပေါ်ကာ ချော်ရည်တွေ ထွက်လာနိုင်တယ်လို့ အထူးသတိပေးထားပါတယ်။

ဘူလူဆန်မီးတောင်ဟာ ဖိလစ်ပိုင်မြို့တော် မနီလာမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၆၀၀ ခန့်အကွာမှာ တည်ရှိပြီး ၂၀၁၇ ခုနှစ်က နောက်ဆုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

Source – ABC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။