Trending Now

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်

Spread the love

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၉

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရုရှားနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ရုရှားပြည်သူများ ပိုမိုသိရှိစေရန်အတွက် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ယင်းအပြင် မြန်မာ-ရုရှား လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ရေး၊ ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေနှင့် ချစ်ကြည်ရေး ခရီးစဉ်များကို ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ညှိနိုင်းဆောင်ရွက်ရေး၊ ရုရှားနိုင်ငံတွင်ကျင်းပမည့် ခရီးသွားပြပွဲများတွင်လည်း ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များ ပူးပေါင်းပြီး ပါဝင်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြပါရှိသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။