Trending Now

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ဆက်လက် ကျင်းပ

Spread the love

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ဆက်လက် ကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၇၀၂ တွဲ ရောင်းချရကြောင်း သိရသည်။

ယင်းပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး (ဝဲအောက်ပုံ) ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းခဲ့ကြပြီး၊ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အတွက် ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲ များအား အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီတွင် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမရှိ သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုခဲ့ကြပြီး၊ ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက် အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။