Trending Now

အေးမြသာယာရပ်ကွက်တွင် တစ်ညအတွင် နေအိမ်သုံးအိမ်မှ မီးကြိုးများ အခိုးခံရ

Spread the love

အေးမြသာယာရပ်ကွက်တွင် တစ်ညအတွင် နေအိမ်သုံးအိမ်မှ မီးကြိုးများ အခိုးခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၉ (၂၀၂၄)

မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်တွင် တစ်ညအတွင်း နေအိမ်သုံးအိမ်မှ မီးကြိုးများ အခိုးခံရမှု ဖေဖော်ဝါရီ ၂၉ ရက်နေ့၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၂)ရှိ နေအိမ်တစ်အိမ်တွင် နံနက် ၂ နာရီအချိန်၌ မီးပြတ်သွားသည့်အတွက် မသင်္ကာ၍ အိမ်အပြင်ထွက်ကြည့်ရာမှ မီးကြိုးများခွေနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိ သော်လည်း မီးကြိုးများထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ခိုးခံရသည့် အိမ်ရှင်ထံမှ သိရသည်။

” မနက်ပိုင်း ၂ နာရီလောက်မှာ မီးပြတ်‌‌သွားတော့ EPC က ပြတ်တာပဲထင်တာ။ ဒါပေမယ့် အရင်နေ့တွေမှာလည်း အဲ့လိုပြတ်ပြီး မီးကြိုးတွေခိုးခံရတာ သုံးကြိမ်တောင်ရှိပြီ။ ဒါကြောင့် မင်္သကာလို့ အပြင်သွားကြည့်လိုက်တာ ကောင်လေးတစ်ယာက်က ကြိုးခွေနေတာ။ အသံလည်းကြားရော တန်းပြေးသွားတယ်။ မီးကြိုးတွေတော့ ချန်ထားတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးကြိုးများ ခိုးယူမှုမှာ လေး‌‌ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရကာ ၎င်းနေအိမ် အပါအဝင် ဘေးအိမ်နှစ်အိမ်တွင်လည်း မီးကြိုးများ ခိုးယူခံရမှု ကြုံခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အေးမြသာယာရပ်ကွက်တွင် မီးကြိုးများ မကြာခဏ ခိုးယူခံနေရသည့်အတွက် ရပ်ကွက် တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အတွင်း ဝိုင်းဝန်းကူညီကြည့်ရှုပေးရန် ရပ်ကွက်နေပြည်သူများက လိုလားနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။