Trending Now

HPA အဖွဲ့မှ တရုတ်ပြည်စင်းရှင်းစီးပွားကုန်သွယ်လီမိတက်ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆိုင်လော်ကျေးရွာအတွက် ဆေးခြင်ထောင်များ လှူဒါန်း

Spread the love

HPA အဖွဲ့မှ တရုတ်ပြည်စင်းရှင်းစီးပွားကုန်သွယ်လီမိတက်ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆိုင်လော်ကျေးရွာအတွက် ဆေးခြင်ထောင်များ လှူဒါန်း

EPN
မြစ်ကြီးနား၊ မေ ၁၂

ဝိုင်းမော်မြို့နယ်တွင်ရှိသော ဆိုင်လော်ကျေးရွာအုပ်စုအတွက် HPA အဖွဲ့မှ တရုတ်ပြည်စင်းရှင်းစီးပွားကုန်သွယ် လီမိတက်ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆေးခြင်ထောင် တစ်ထောင်ကျော်အား မေလ ၁ဝ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လှူဒါန်းပေးရခြင်းမှာ ယခုအချိန်သည် ငှက်ဖျားရောဂါများ၊‌ သွေးလွန်တုတ်ကွေးများ အများဆုံး ဖြစ်နေသည့်အတွက် ကျေးရွာ ရှိရွာသူ၊ ရွာသားများအနေဖြင့် ဆေးခြင်ထောင်ကိုအသုံးပြုခြင်းအားဖြင့် အဆိုပါ ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် လာရောက်လှူဒါန်း ပေးရခြင်းဖြစ်ကြောင်း HPA( Health Poverty Action) မှ ဒေါက်တာ ဦးမျိုးမင်းကျော်ထံမှ သိရသည်။

“ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ အခုလို ဆေးခြင်ထောင်တွေ၊ဆေးဆပ်ပြာရည်စသဖြင့် ကျန်းမာရေးပစ္စည်းတွေကိုလာရောက်လှူဒါန်းရတာကတော့ အထူးသဖြင့် သွေးလွန်တုတ်ကွေး၊ငှက်ဖျားရောဂါ ဒီဟာတွေကအဖြစ်များနေတာကိုတွေ့ရတယ်ဆိုတော့ ဒီကျေးရွာမှာရှိတဲ့ရွာသူရွာသားတွေအနေနဲ့ ကာကွယ်နိုင်အောင်ပေါ့။ ညအိပ်တဲ့ခါ ဘယ်နေရာပဲ အိပ်အိပ်ပေါ့‌ ဒီဆေးခြင်ထောင်တွေကို ထောင်ပြီးအိပ်စေချင်တယ်။ ဒီရောဂါတွေက ခြင်ကနေပဲတဆင့် ကူးစက်နေတာဖြစ်တဲ့အတွက် အဲ့လိုရောဂါတွေမဖြစ်ပွားရအောင် လှူဒါန်းပေးခြင်းဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

Health Poverty Action (HPA) အဖွဲ့အစည်းမှ ဝိုင်းမော်မြို့နယ်၊ ဆိုင်လော် ကျေးရွာအုပ်စုရှိ ရွာသူရွာသားများအတွက် ဆေးခြင်ထောင် အရေအတွက်အားဖြင့် တစ်ထောင်ကျော်၊ ဆေးဆပ်ပြာရည်ဗူး ၈၀၀၊ လက်ဆေးဇလုံခွက်များ၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင် များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

HPA(Health Poverty Action)အဖွဲ့အစည်းမှာ မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်မှစတင်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း၊ အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းများကို လုပ်ဆောင်လေ့ရှိပြီး ၎င်း၏အခြေ စိုက်ရုံးချုပ်မှာ ရန်ကုန်မြို့တွင်ထားရှိကာ HPA ပန်ဝါရုံး၊ HPA ဝိုင်းမော်ရုံး၊ HPA မြစ်ကြီးနားရုံး ဟူ၍ရုံးခွဲများရှိပြီး ဆေးဝါးများကိုအခမဲ့ကုသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး HPA(Health Poverty Action)အနေဖြင့် ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ် ၊ချီဖွေမြို့နယ် လေးမြို့နယ်အတွင်း ဆေးခြင်ထောင် အရေအတွက် တစ်သောင်းကျော်ကိုလည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။