Trending Now

ကင်ဆာနှင့် ကျောက်ကပ်ပျက်ဆီးနိုင်သည့် အစားအစာ အမျိုး ၂၀ ကျော် ပြည်တွင်းမှာ တွေ့ရှိ

Spread the love

ကင်ဆာနှင့် ကျောက်ကပ်ပျက်ဆီးနိုင်သည့် အစားအစာ အမျိုး ၂၀ ကျော် ပြည်တွင်းမှာ တွေ့ရှိ

EPN
မြစ်ကြီးနား၊ မတ် ၂၉

မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွက်အတွင်း ရောင်းချနေသည့် အသားလုံး၊ အသားချောင်းများကို စစ်ဆေးခဲ့ရာမှာ စားသုံးရန်မသင့်သည့် အစားအစာ အမျိုး ၂၀ ကျော် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာက ကထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ လမှ ယခုလအထိ စစ်ဆေးတွေ့ရှိခဲ့သည့် အစားအစာများမှာ Benzoic Acid ကို သတ်မှတ် ပမာဏာထက် ပိုမိုသုံးစွဲထားသည့် Thailand , PS-Food, Thai Star Barbnd, K& P PS-Food, TSP, B4 New, ဖွန်းစဝမ်း၊ B.B, ကြက်ဘီဘီ၊ JSP Food, TRK, Top GP စသည့် အမှတ်တံဆိပ်များ ၊ Sorbic Acid ကို ပိုမိုသုံးစွဲထားသည့် P&J, Al CHENG အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ထားသည့် မာလာကြက်အူချောင်း အပါအဝင် ကြက်သားကြက်အူချောင်းအမျိုးမျိုးတို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အစားအစာများကိုစားသောက်မိပါက ကလေးသူငယ် ၊ ကိုယ်ဝန်ဆောင် နှင့် သက်ကြီးရွယ်အိုများအနေဖြင့် မျက်လုံး၊ အရေးပြားယားယံခြင်း ၊ ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်ဗိုက်နာဖြစ်ခြင်းများကို ခံစားရနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးကာ ကင်ဆာရောဂါများအထိ ဖြစ်ပွားလာနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် အစားအသောက်များကို ဖြန့်ဖြူးရောင်းချခြင်းမလုပ်ကြရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေ အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ (က) အရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။