Trending Now

အင္းေတာ္ႀကီးတြင္ အမ်ိဳးသမီးတစ္ဦး ဦးေခါင္းေၾကမြ ေသဆံုးေနသည္ကုိ ေတြ႔႐ွိ

Spread the love

အင္းေတာ္ႀကီးတြင္ အမ်ိဳးသမီးတစ္ဦး ဦးေခါင္းေၾကမြ ေသဆံုးေနသည္ကုိ ေတြ႔႐ွိ
EPN
အင္းေတာ္ႀကီး၊ ေမ ၂
ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီးၿမိဳ႕၊ မိုင္းပုတ္ေက်းရြာ ပါတီကြင္းအတြင္း႐ွိ လူမေနေသာ တဲအနီး ေျမျပင္တြင္ အမ်ဳိးသမီးတစ္ဦး ဦးေခါင္းေၾကမြ၍ ေသဆံုးေနသည္ကုိ ေမလ ၁ရက္ေန႔ မြန္းလြဲ ၃ခြဲ အခ်ိန္ခန္႔က ေတြ႔ရွိခဲ့သည္ ဟု လုံးတံုနယ္ေျမရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ အင္းေတာ္ႀကီးၿမိဳ႕၊ နန္႔ပုတ္ေက်းရြာအုပ္စု၊ မိုင္းပုတ္ေက်းရြာေန ဦးသိန္းဦးသည္ ပါတီကြင္းရိွ ၎လယ္ေတာသို႔ သြားရာ အစ္ကိုေတာ္စပ္သူ ဦးအံ့ေက်ာ္၏ လယ္ေစာင့္တဲအနီးသို႕ အေရာက္ လယ္ေတာထဲတြင္ အမ်ဳိးသမီးတစ္ဦး ေသဆံုးေနသည္ကို ေတြ႕ရိွသည္ဟု သိရသည္။
ထို႔ေနာက္ မိုင္းပုတ္ေက်းရြာတာဝန္ခံ ဦးအဲေလး (ခ)ဦးဆန္းသြင္အား အသိေပးအေၾကာင္းၾကားခဲ့ၿပီး ဦးအဲေလးမွ တဆင့္ လံုးတံုနယ္ေျမရဲစခန္းသို႔ သတင္းေပးပို႔ခဲ့သျဖင့္ လံုးတံု ရဲစခန္းမွ စခန္းမွဴးရဲအုပ္ ေနဇာဦးႏွင့္ရဲတပ္ဖြဲ႕မ်ားမွ နန္႔ပုတ္ေက်းရြာအုပ္စု၊ မိုင္းပုတ္ေက်းရြာေန ရပ္မိရပ္ဖျဖစ္ေသာ ဦး႐ံုးေရႊ၊ ဦးဝင္းေဌးတို႔ႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္
စစ္ေဆးေတြ႕ရိွခ်က္အရ ေသဆံုးသူသည္ နန္႔ပုတ္ေက်းရြာအုပ္စု၊ မိုင္းပုတ္ေက်းရြာေန မနီနီဝင္း အသက္(၂၆)ႏွစ္ ဆိုသူျဖစ္ၿပီး လူမေနေသာလယ္တဲအနီး ေျမျပင္ေပၚတြင္ အနီေရာင္အကြက္ၾကားေစာင္ ၿခံဳလွ်က္ ဦးေခါင္းခြံကြဲေၾက၊ ဦးေႏွာက္ထြက္ကာ တံုးေသာလက္နက္ျဖင့္ ႐ိုက္ႏွက္ခဲ့သျဖင့္ ေသဆံုးလွ်က္ရိွသည္ကို စစ္ေဆးေတြ႕ရိွရသျဖင့္ အေလာင္းကုိ လံုးတံုတိုက္နယ္ေဆး႐ံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး လံုးတံုနယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္ ၁၂/ ၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ (၃၀၂)ျဖင့္ အမႈဖြင့္ေဆာင္ရြက္လွ်က္ရိွေၾကာင္း ရဲမွတ္တမ္းအရ သိရသည္
၎အခင္းျဖစ္ေနရာသည္ ေကအိုင္ေအထိန္းခ်ဳပ္ရာနယ္ေျမ၊ ေကအိုင္ေအ တပ္ရင္း (၂၆)သြားလာတတ္သည့္ ေနရာလည္းျဖစ္သည့္အတြက္ ယင္းနယ္ေျမတပ္မ(၃၃)လက္ေအာက္ခံ၊ ခမရ(၁၃)ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္၍ သြားေရာက္စစ္ေဆးျခင္း၊ မွတ္တမ္းဓာတ္ပံု႐ိုက္ကူးျခင္း၊ သက္ေသအျဖစ္သိမ္းဆည္းစစ္ေဆးျခင္း ၊ ေျမပံုၾကမ္းေရးဆြဲျခင္း၊ သက္ေသခံပစၶည္း သိမ္းဆည္းျခင္း၊ ဓာတုေဗဒဝန္႐ံုးသို႔ ပို႔အပ္စစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး၊ ျပစ္မႈက်ဴးလြန္သူကုိ အျမန္ဆံုးဖမ္းဆီးႏုိင္ေရး ႀကိဳးပမ္းလွ်က္ရိွေၾကာင္း လံုတံုနယ္ေျမ ရဲစခန္းမွ သိရသည္
မိုးျမင့္
———————————————-

အင်းတော်ကြီးတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းကြေမွ သေဆုံးနေသည်ကို တွေ့ရှိ

EPN

အင်းတော်ကြီး၊ မေ ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့၊ မိုင်းပုတ်ကျေးရွာ ပါတီကွင်းအတွင်းရှိ လူမနေသော တဲအနီး မြေပြင်တွင် အမျိုးသမီးတစ်ဦး ဦးခေါင်းကြေမွ၍ သေဆုံးနေသည်ကို မေလ ၁ရက်နေ့ မွန်းလွဲ ၃ခွဲ အချိန်ခန့်က တွေ့ရှိခဲ့သည် ဟု လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အင်းတော်ကြီးမြို့၊ နန့်ပုတ်ကျေးရွာအုပ်စု၊ မိုင်းပုတ်ကျေးရွာနေ ဦးသိန်းဦးသည် ပါတီကွင်းရှိ ၎င်းလယ်တောသို့ သွားရာ အစ်ကိုတော်စပ်သူ ဦးအံ့ကျော်၏ လယ်စောင့်တဲအနီးသို့ အရောက် လယ်တောထဲတွင် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိသည်ဟု သိရသည်။

ထို့နောက် မိုင်းပုတ်ကျေးရွာတာဝန်ခံ ဦးအဲလေး (ခ)ဦးဆန်းသွင်အား အသိပေးအကြောင်းကြားခဲ့ပြီး ဦးအဲလေးမှ တဆင့် လုံးတုံနယ်မြေရဲစခန်းသို့ သတင်းပေးပို့ခဲ့သဖြင့် လုံးတုံ ရဲစခန်းမှ စခန်းမှူးရဲအုပ် နေဇာဦးနှင့်ရဲတပ်ဖွဲ့များမှ နန့်ပုတ်ကျေးရွာအုပ်စု၊ မိုင်းပုတ်ကျေးရွာနေ ရပ်မိရပ်ဖဖြစ်သော ဦးရုံးရွှေ၊ ဦးဝင်းဌေးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူသည် နန့်ပုတ်ကျေးရွာအုပ်စု၊ မိုင်းပုတ်ကျေးရွာနေ မနီနီဝင်း အသက်(၂၆)နှစ် ဆိုသူဖြစ်ပြီး လူမနေသောလယ်တဲအနီး မြေပြင်ပေါ်တွင် အနီရောင်အကွက်ကြားစောင် ခြုံလျှက် ဦးခေါင်းခွံကွဲကြေ၊ ဦးနှောက်ထွက်ကာ တုံးသောလက်နက်ဖြင့် ရိုက်နှက်ခဲ့သဖြင့် သေဆုံးလျှက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းကို လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး လုံးတုံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ် ၁၂/ ၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းအခင်းဖြစ်နေရာသည် ကေအိုင်အေထိန်းချုပ်ရာနယ်မြေ၊ ကေအိုင်အေ တပ်ရင်း (၂၆)သွားလာတတ်သည့် နေရာလည်းဖြစ်သည့်အတွက် ယင်းနယ်မြေတပ်မ(၃၃)လက်အောက်ခံ၊ ခမရ(၁၃)နှင့် ချိတ်ဆက်ဆောင်ရွက်၍ သွားရောက်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သက်သေအဖြစ်သိမ်းဆည်းစစ်ဆေးခြင်း ၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေခံပစ္ဓည်း သိမ်းဆည်းခြင်း၊ ဓာတုဗေဒဝန်ရုံးသို့ ပို့အပ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း လုံတုံနယ်မြေ ရဲစခန်းမှ သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။