Trending Now

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် မြန်မာဖူဆယ်အသင်းက အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပွဲဆက်တိုက်အနိုင်ရ

Spread the love

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် မြန်မာဖူဆယ်အသင်းက အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပွဲဆက်တိုက်အနိုင်ရ

EPN
ရန်ကုန်၊ အောက်တိုဘာ ၁၀ (၂၀၂၃)

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု (E) ဒုတိယနေ့ကို အောက်တိုဘာ ၉ရက်နေ့က တာဂျစ်ကစ္စတန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာဖူဆယ်အသင်းက အိန္ဒိယအသင်းကို (၅) ဂိုး – (၂) ဂိုးဖြင့် နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့ကြောင်း သိရသည်။

ပထမပွဲတွင် တာဂျစ်ကစ္စတန်ကို ဂိုးပြတ်အရေးနိမ့်ထားသည့် အိန္ဒိယအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသော်လည်း ရှုံးပွဲဆက်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို မျိုးသက်အောင်က (၂) ဂိုး၊ သိုင်းဘွဲ့အောင်နှင့် လှိုင်မင်းထွန်းတို့က (၁) ဂိုး စီသွင်းယူပြီး ကျန် (၁) ဂိုးမှာမူ အိန္ဒိယကစားသမား ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် အိမ်ရှင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြေစစ်ပွဲကို အုပ်စု (၈) ခုခွဲ၍ ကျင်းပကာ ထိပ်ဆုံး (၈) သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး (၇) သင်း၊ စုစုပေါင်း (၁၅) သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။