Trending Now

နိုင်ငံ့ဝန်ထမ်းများတာဝန်ကျေပွန်အောင်ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ သတင်းလုံခြုံမှုမကျိုးပေါက်စေရေး အတွက်သတိပြုဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Spread the love

နိုင်ငံ့ဝန်ထမ်းများတာဝန်ကျေပွန်အောင်ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ သတင်းလုံခြုံမှုမကျိုးပေါက်စေရေး အတွက်သတိပြုဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၉

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တစ်ဦးချင်းလုပ်ငန်းတာဝန်များကို ကျေပွန် အောင်ဆောင်ရွက်ရန် တာဝန်ရှိ သကဲ့သို့ သတင်းလုံခြုံမှု မကျိုးပေါက်စေရေးအတွက်လည်း သတိပြုဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ညနေပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုသိမ်လေ ဆိပ်ဧည့် ခန်းမဆောင်၌ တွေ့ဆုံစဉ် မှာကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ တစ်ဦးချင်းလုပ်ငန်းတာဝန်တွေကို ကျေပွန် အောင်ဆောင်ရွက်ဖို့ တာဝန်ရှိ သလို သတင်းလုံခြုံမှု မကျိုးပေါက်စေဖို့အတွက်လည်း သတိပြုဆောင်ရွက်ကြဖို့ လိုပါတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံ့ဝန်ထမ်းတွေ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ မိမိ ကိုယ်ကို သစ္စာရှိရမယ် မိမိဌာနနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာရှိရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူး ပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်နှင့် ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လက်ခံသည့် အစိုးရဝန်ထမ်းများဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ အချို့သော ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ သည် ၎င်းတို့၏ အလုပ်ကို ကျေပွန်စွာနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းစွာ ဆောင်ရွက် နိုင်သောကြောင့် ပြည်သူများကပင် ၎င်းတို့၏ ဒေသများ၌ပင် ဆက်လက်တာဝန် ထမ်းဆောင်ပေးရန် တောင်းဆိုရသည့် သာဓက များလည်း ရှိပြီးဖြစ်ကြောင်း ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူ ဖြစ်စေ ရန်အတွက် လိုအပ်သည့် ဖြည့်ဆည်းပေးမှုများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့ဆောင် ရွက်ပေးသည့် သက်သာချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး လုပ်ငန်းတာဝန်ထမ်းဆောင်မှုများတွင်လည်း ပိုမိုအကျိုးဖြစ်ပေါ်လာစေ မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။