Trending Now

မော်ဝမ်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မိန်းမဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်

Spread the love

မော်ဝမ်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မိန်းမဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ ည (၁၁) နာရီခန့်က ခင်ပွန်းဖြစ်သူမှ မိန်းမဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း စားသောက်ဆိုင်တွင် ပိုင်ရှင်ဖြစ်သူ လင်မယားနှစ်ဦး စကားများကြရာမှ အမျိုးသမီးဖြစ်သူ ဒေါ်ဆောင်းဆွေ (ခ) မိုင်းမိုင်ကို ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမျိုးမင်းဇော်မှ နေအိမ် အိပ်ခန်းအတွင်း ၁ ပေခန့်ရှိသည့်ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောပြသည်။

“စကားများကြရင်းနဲ့ အမျိုးသမီးဖြစ်သူက အိပ်ခန်းထဲ ဝင်သွားတာ၊ နောက်ကနေ ခြံတံခါးကို ကျော်တက်ပြီး ယောကျ်ား
ဖြစ်သူက ဝင်လာတာ၊ မကြာဘူး အမျိုးသားက ဆင်းလာပြီး သူက အလုပ်သမားတွေကို ရူး…..တိုးတိုး ဘာမှ မဟုတ်ဘူး၊ လင်မယားချင်း စကားများတာ ပြေလည်သွားမှာပါလို့ ပြောတယ်၊ အလုပ်သမားတွေကလည်း သူရဲ့ လက်တွေနဲ့ ဘောင်းဘီတွေမှာ သွေးတွေ တွေ့တော့၊ အိမ်ပေါ် တက်ကြည့်တာ၊ ဓားခုတ်ဒဏ်ရာတွေနဲ့ ဆိုင်ရှင် အမျိုးသမီးကို အလောင်းကို တွေ့တာပဲ“ ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သေဆုံးသူ ဒေါ် ဆောင်ဆွေ (ခ) မမိုင်းမိုင် ဆိုသူ၏ ရုပ်အလောင်းအား ဖားကန့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဦးမျိုးမင်းဇော်ကို ယနေ့ နံနက် ၆နာရီခန့်တွင် ဖမ်းဆီး ရမိထားပြီး အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။