Trending Now

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA နှင့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

Spread the love

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA နှင့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

EPN
နေပြည်တော်၊ နိုဝင်ဘာ – ၃

KIA နှင့် PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် AK-47 (၄)လက်၊ KO လက်နက်ငယ် (၂)လက်၊ AK-47 (၄၀)တွဲ (၁)လက်၊ 79 (၂) လက်၊ စနိုက်ပါ (၁)လက်နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်၊ ၇.၆၂ စနိုက်ပါကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး (၂၉)လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၆)လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြ ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၆၅ သိန်း ပေးအပ်သည်။

ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက လက်ခံရ ယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော KIA နှင့် PDF အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများကို ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။