Trending Now

ပူတာအိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပိုင် လယ်ယာမြေ(၁၈)ဧကတွင် ဆင်းဧကရီ-၃ မျိုးစပါးများ ပျိုးထောင်စိုက်ပျိုး

Spread the love

ပူတာအိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပိုင် လယ်ယာမြေ(၁၈)ဧကတွင် ဆင်းဧကရီ-၃ မျိုးစပါးများ ပျိုးထောင်စိုက်ပျိုး

EPN
ပူတာအို၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနပိုင်လယ်ယာမြေ (၁၈)ဧက တွင် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မျိုးစပါးများပျိုးထောင်စိုက်ပျိုးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ သိရသည်။

ယင်းဌာနပိုင် လယ်ယာမြေ (၁၈)ဧကအနက် (၁၀) ဧကတွင် ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက် မျိုးစပါး စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ငါးဧကတွင် ဆင်းဧကရီ-၃ GAP စိုက်ပျိုးနည်းစနစ်ဖြင့် စံပြကွက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သုံးဧကတွင် ဆင်းဧကရီ-၃ မျိုးစပါးများကို ပျိုးသက်နုကောက်ကွက်ကျဲ SRI နည်းစနစ်ဖြင့် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် SRI စိုက်ပျိုးနည်းစနစ်တွင် သီးခြားပျိုးထောင်ထားရှိပြီး ပျိုးသက် (၁၂)ရက်တွင် ပျိုးတစ်ပင်ချင်းကို (၁၀)လက်မပတ် လည်ပြောင်းရွှေ့စိုက်ပျိုးစနစ်ဖြင့် လည်းကောင်း၊ အလျားပေ(၄၀) အနံ(၃)ပေ ဘောင် စနစ်ဖြင့် ပျိုးထောင်ထားရှိသော ဆင်းဧကရီ-၃ မျိုးစပါးများကို မျိုးစေ့ထုတ် စံပြကွက်တွင် ခြောက်လက်မ ရှစ် လက်မ ခြောက်တန်း တစ်တန်းလှပ် စနစ်ဖြင့်လည်းကောင်း၊ GAP စိုက် ပျိုးစနစ်ဖြင့် ခြောက်လက်မ ရှစ်လက်မ ဆယ်တန်းတစ်တန်းလှပ် စနစ်ဖြင့် လည်းကောင်း ပျိုးသက် (၂၂)ရက်တွင် ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း သိရသည်။

အဆိုပါ ဌာနပိုင် လယ်ယာမြေ (၁၈)ဧကအနက် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စံပြကွက် (၁၀)ဧကမှ ထွက်ရှိလာမည့် မျိုးကောင်းမျိုးသန့် မျိုးစပါးများကို တောင်သူများ ထံအရောက်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။