Trending Now

ယူကရိန်းပိုင်နက်တွေ ပြန်မရမချင်း ရုရှားနဲ့အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတဆို

Spread the love

ယူကရိန်းပိုင်နက်တွေ ပြန်မရမချင်း ရုရှားနဲ့အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတဆို

EPN
နိုင်ငံတကာ၊ မေ ၂၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်ဇကီက သူ့နိုင်ငံရဲ့ပိုင်နက်နယ်မြေတွေ ရုရှား မကျူးကျော်ခင်ကအတိုင်း မဖြစ်မချင်း ရုရှားနဲ့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်မှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ယူကရိန်းမြို့တော် ကိယဗ် မြို့ သမ္မတရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အင်အိတ်ကေသတင်းဌာနရဲ့ သီးသန့်တွေ့ဆုံ မေးမြန်ခန်းမှာ ယူကရိန်းသမ္မတ က ပြောဆိုခဲ့တာပါ။

ရုရှားက ကျူးကျော်ခဲ့ပြီးတဲ့နောက် ယူကရိန်းဟာ ၃ ရက်လောက်ပဲ ခံမယ်လို့ ကနဦးမှာ ကမ္ဘာကယူဆခဲ့ကြပေမယ့် ယူကရိန်းဟာ ၃လ အထိ တိုက်ခိုက်နေတဲ့အတွက် ကမ္ဘာကိုအံအားသင့်စေခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ရုရှားရဲ့ ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုဟာ အောင်မြင်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့ကြောင်း သမ္မတ ဇလန်ဇကီက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားတွေအတွက် အောင်မြင်မှုဟာ ဒွန်းဘတ်စ် ဒေသနဲ့ ကျွန်းဆွယ်တွေအပါအဝင် နိုင်ငံပိုင် နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ဖြစ်ပြီး ဒါပေမဲ့ ဒီရည်မှန်းချက် အောင်မြင်ဖို့ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ သူက ပြောခဲ့ပါတယ်။

ယူကရိန်းရဲ့နယ်မြေတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်ခင်ကအတိုင်း ပြန်ရဖို့က သူ့ရဲ့ ပထမဆုံး မျှော်လင့်ချက် ဖြစ်ပြီး အဲဒီနောက်မှာမှ ရုရှားနဲ့ စေ့စပ်ညှိနှိုင်းရေး စကားဝိုင်းမှာထိုင်မယ်လို့ သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။