Trending Now

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွတ်တော်ကို ဒေါ်နယ်ထရမ့်ရဲ့ ပါတီအနိုင်ရ

Spread the love

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွတ်တော်ကို ဒေါ်နယ်ထရမ့်ရဲ့ ပါတီအနိုင်ရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၉

နိုဝင်ဘာလ ၈ ရက်နေ့က စတင်ပြုလုပ်ခဲ့တဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ်အရ အောက်လွတ်တော်ကို ဒေါ်နယ်ထရမ့်ရဲ့ ရီပက်ဘလစ်ကန်တွေ က ဂျိုးဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်တွေကို အနိုင်ရရှိသွားခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေအရ အမတ်နေရာ (၄၃၅) ရှိတဲ့အောက်လွတ်တော်မှာ ဒီမိုကရက်တစ်တွေက ၂၁၁ နေရာသာရရှိခဲ့တာဖြစ်ပြီး ရီပက်ဘလစ်ကန် တွေက ၂၁၈ နေရာရရှိကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အလားတူ အမတ်နေရာ ၁၀၀ ရှိတဲ့ အထက်လွတ်တော်မှာလည်း ဒီမိုကရက်တစ်တွေက အမတ်နေရာ ၄၈ နေရာရရှိထားပြီး ရီပက်ဘလစ်ကန် တွေကတော့ ၄၉ နေရာနဲ့ ဦးဆောင်နေပါတယ်။

ဒါဟာ ဘိုင်ဒင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုစွမ်းရည်အပေါ် အမေရိကန်ပြည်သူလူထုရဲ့ ထောက်ခံမှု သိသိသာသာ ကျင်ဆင်းသွားတယ်ဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်။

အောက်လွတ်တော်သာကိုသာမက အမေရိကန် ကွန်ဂရက်လွှတ်တော် တစ်ခုလုံးကို ကို ရီပက်ဘလစ်ကန်အမတ်တွေ ထိမ်းချုပ်သွားနိုင်မယ်ဆိုပါက ဘိုင်ဒင်ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို အဟန့်အတားပြုနိုင်တဲ့ အခွင့်အဏာရရှိသွားမှာဖြစ်ပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။