Trending Now

မြစ်ကြီးနား ဧရာဝတီမြစ်ရေ ၂၄ နာရီအတွင်း ၆ပေ နီးပါးအထိ မြင့်တက်လာပြီး ၈ ပေကျော်ခန့်အထိ ရုတ်တရက် မြင့်တက်လာနိုင်

Spread the love

မြစ်ကြီးနား ဧရာဝတီမြစ်ရေ ၂၄ နာရီအတွင်း ၆ပေ နီးပါးအထိ မြင့်တက်လာပြီး ၈ ပေကျော်ခန့်အထိ ရုတ်တရက် မြင့်တက်လာနိုင်

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

မြစ်ကြီးနား ဧရာဝတီမြစ်ရေမှာ ယမန်နေ့ နံနက် ၆ နာရီမှ ယနေ့ နံနက် ၆ နာရီတွင်း ၆ ပေ နီးပါးအထိ မြင့်တက်လာပြီး၊ မြစ်ရေအမှတ်မှာ အထက်သို့ အနည်းဆုံး ( 250 cm) ၈ ပေကျော်ခန့် ရုတ်တရက် မြင့်တက်လာနိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မေခမြစ်ရေနှင့် မလိခမြစ်ရေမှာ အလုံးအရင်းဖြင့် မြင့်တက်လာနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဆက်လက်ပြီး မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။

” မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အောက် (၄၁၁) cm (၁၃)ပေခွဲခန့်မှာ ရောက်ရှိနေပါတယ်။ ဇွန်လ ၉ ရက်နေ့၊ ညနေပိုင်းကေန စတင်မြင့်တက်လာခဲ့တဲ့ မြစ်ကြီနား မြစ်ရေဟာ အခုတင်ပြချိန်အထိ စုစုပေါင်း (+536 ) cm ၁၇ ပေ ခွဲကျော်ခန့် မြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။ မနေ့က ညပိုင်းမှာ မြစ်ကြီးနားမြို့အထက်ပိုင်းဧရာဝတီမြစ်ဆုံ အထက်ဘက်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ဒါကြောင့်မြစ်ရေဟာ တိုးလာနိုင်ဖွယ်ရှိပါတယ် ” ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြစ်ရေမှာ တစ်နာရီကို ၄ လက်မခန့်ဖြင့် ဖြေးဖြေးချင်း ဆက်လက်မြင့်တက်နေပြီး ကချင်ပြည်နယ် အထက်ပိုင်းဒေသများဖြစ်သော ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒသ်း၊ ခေါင်လံဖူး စသည့်ဒေသများတွင် မိုးများနေသည့်အတွက် မြစ်ကြီးနားမြစ်ရေ ဆက်လက်မြင့်တက် လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိမြစ်ရေအမှတ်မှာ အထက်သို့အနည်းဆုံး ( 250 cm) ၈ ပေကျော်ခန့် ရုတ်တရက် မြင့်တက်လာနိုင်သည့်အတွက် ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြသော တောင်သူများနှင့် မိဘပြည်သူများအားလုံး ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။