Trending Now

အင်္ဂလိပ်စာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ ၁၂၈၇၂၅ဦးရှိ

Spread the love

အင်္ဂလိပ်စာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ ၁၂၈၇၂၅ဦးရှိ

EPN
နေပြည်တော်၊ မတ် ၁၃ (၂၀၂၄)

ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ယမန်နေ့ (မတ် ၁၂ ရက်)က ဖြေဆိုခဲ့သော အင်္ဂလိပ်စာ ဘာသာရပ်ကိုဝင်ရောက်ဖြေဆိုသူ ၁၂၈၇၂၅ဦး ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားစာစစ်ဌာန (၁၁)ခု အပါအဝင် တိုင်းနှင့်ပြည်နယ်အလိုက် စာစစ်ဌာနများ စုစုပေါင်း (၈၄၁)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၄၆၅၂၃ဦးအနက် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ၁၂၈၇၂၅ဦးရှိခဲ့၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၈၇ ဒဿမ ၈၅ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဖြေဆိုရင်စာရင်းပေးထားသူများအနက် လာရောက်ဖြေဆိုခြင်းမရှိဘဲ ပျက်ကွက်သူ ၁၇၇၉၈ဦး ရှိခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လုံခြုံရေးအဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။