Trending Now

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုဖြစ်ပေါ်

Spread the love

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးညှင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်မှုဖြစ်ပေါ်

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အထက်ဘက်ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ယင်းချောင်းရေမြင့်တက်ကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ချောင်းအနီးရှိရပ်ကွက်များတွင် ရေဝင်ရောက်မူများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့က နန့်ယင်းချောင်းရေသည် စိုးရိမ်ရေအမှတ်အောက်၂၀ စင်တီမီတာတွင် ရောက်ရှိခဲ့ပြီး ချောင်းအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အုတ်ကျင်း၊ ရေလယ်ကျွန်း၊ နတ်ကြီးကုန်း အောက်ချိုင့်၊ နောင်စွန်း၊ ရန်ကင်း ရပ်ကွက်များမှာ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း မိုးညှင့်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က ချောင်းရေမြင့်တက်လာပြီး ချောင်းနားမှာရှိတဲ့ ရပ်ကွက်တွေ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့တာဖြစ်တယ်။
ရပ်ကွက် ၅ ရပ်ကွက်လောက်မှာ ရေဝင်ရောက်ခဲ့တယ်။ အခါတိုင်းလို ရေအများကြီး မဝင်ရောက်ခဲ့ဘူး။ အလွန်ဆုံး ရေဝင်ရောက်ခဲ့တာဆိုရင် ဒူးကောင်းလောက်အထိပဲဝင်ခဲ့တာ။ အခါတိုင်းဆိုရင် အိမ်ခေါင်းအနားထိ ဝင်တတ်တယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် နန့်ယင်းချောင်းရေသည် ၂၅၀ စင်တီမီတာအထိ ရောက်ရှိသွားပြီဖြစ်ပြီး၊ ယမန်နေ့က ၄၈၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။