Trending Now

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ကျပ်သန်း ၂ သောင်းကျော် အသုံးပြုသွားမည်

Spread the love

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ကျပ်သန်း ၂ သောင်းကျော် အသုံးပြုသွားမည်

EPN
မြစ်ကြီးနား၊ မေလ ၂၀

ကချင်ပြည်နယ်အတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၆၈% မီးလင်းနိုင်ရေးအတွက် ပြည်ထောင်စု၊ ပြည်နယ်အစိုးရ နှင့် ချေးငွေ (loan) ကျပ်သန်း ၂၃၉၇၈.၁၄၁ သန်းအသုံးပြုသွားမည် ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ကချင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

လက်ရှိကချင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၅၄၇ ရွာရှိသည့်အနက် ၁၃၄၄ ရွာကို လျှပ်စစ်ဓာတ်အား ရရှိနေပြီးရာခိုင်နှုန်းအားဖြင့် ၆၄.၄၂ % မီးလင်းပြီဖြစ်ကြောင်း ကချင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဒုတိယ အင်ဂျင်နီယာချုပ် ဦးတွဲမြင့် ပြောသည်။

“ကျနော်တို့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ်မှာ အိမ်ထောင်စု ၇၅%ကို ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်နဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလံုံး လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်။ ကျနော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု၊ ပြည်နယ်၊ ချေးငွေ (loan) ဖြင့်တည်ဆောက်မဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပြီးရင်တော့ ကျေးရွာ(၉၉)ရွာနဲ့၊ အိမ်ထောင်စု (၉၆၂၈) စုကို ဓာတ်အားတွေ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပြီး ၆၈% ဓာတ်အားရရှိနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းပြောသည်။

ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ်သန်း(၃၅၀၄.၁၁၃)သန်း၊ ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း (၁၈၅၅၁.၉) သန်း နှင့် JICA Phase II loan (ချေးငွေ) ဖြင့် ကျပ်သန်း(၁၉၂၂.၁၂၈)သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်း ဝေးကွာသည့် နယ်မြေများအတွက် အသေးစားရေအားလျှပ်စစ်၊ ဒီဇယ်၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားသင့်တော်သည့် နည်းလမ်းများဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကချင်ပြည်နယ်အစိုးရအနေဖြင့် ၄နှစ်တာကာလတွင် မြို့ပေါင်း ၃၂ မြို့တွင် မီးရရှိနေပြီး ကျေးရွာပေါင်း ကျေးရွာပေါင်း ၁၃၀၀ ကျော်ကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ မေလ ၁၉ရက်နေ့က MRTV Live ထုတ်လွင့်မူတွင် ပြောကြားထားသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။