Trending Now

မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့တောင်းဆိုကြောင်း အမေရိကန်သံရုံး ထပ်မံထုတ်ပြန်

Spread the love

မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့တောင်းဆိုကြောင်း အမေရိကန်သံရုံး ထပ်မံထုတ်ပြန်

EPN
စက်တင်ဘာ ၁၅

ဒီမိုကရေစီလိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့ တောင်းဆိုကြောင်း အမေရိကန်သံရုံးက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ထပ်မံထုတ်ပြန်ထားပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ တစ်ရက်မျှ မနေထိုင်ချင်ဘဲ ဒီမိုကရေစီလိုလားတောင့်တနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို မိမိတို့ တောင်းဆိုပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည်တည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေခံအမှန်တရားတစ်ရပ်ကို အခုလို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြထားပါတယ်။

ဝလုံး
photo – us.embassyrangoon

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။