Trending Now

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် လူနေအိမ်သုံးလုံး မျောပါ ပျက်စီးခဲ့

Spread the love

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် လူနေအိမ်သုံးလုံး မျောပါ ပျက်စီးခဲ့

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက် (၅)နာရီခန့် က မနကျေးရွာရှိ ဦးချို လုပ်ကွက်ဟောင်း အတွင်း နွံကန်ပေါက်ကျမှုဖြစ်ပွားခဲ့ပြီး ဆိုင်းကယ်များအပါအဝင် လူနေအိမ် သုံး လုံးမျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ နွံကန် ပေါက်ကျမှုကြောင်း လူသေဆုံးမှုမရှိသော်လည်း ဆိုင်းကယ် အစီးရေ (၂၀)ခန့်နှင့် လူနေအိမ် သုံးလုံးမှာ ယင်းဖြစ်စဉ်နှင့်အတူ မျောပါ ပျက်စီးခဲ့ရကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

” နွံကန်ပေါက်ကျတဲ့ ဘက်မှာက ရေမဆေးကျောက်ရှာဖွေတဲ့ ကျောင်သမားတွေဆိုင်ကယ်ထားတဲ့နေရာ ဟုတ်တယ်၊ အနီးမှာတော့ လူနေအိမ်လဲဟုတ်တယ် စျေးဆိုင်လဲဟုတ်တယ်၊ အဲ့ဒီလိုဆိုင်လေး သုံးဆိုင်လောက် ပါသွားတယ်၊ အဲ့ဒီ နွံကန်ပေါက်ကျခဲ့မှုကြောင့် လူသေဆုံးမှုတော့ဘာမှ မဖြစ်ခဲ့ဘူး၊” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်းမြောပါပျက်စီးခဲ့သည့် လူနေအိမ်များနှင့် ဆိုင်ကယ်အချို့ကို ပြန်လည် ဆယ်ယူထားပြီးဖြစ်ကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ကလည်း ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းရှိ နွံကန် ပေါက်ကျရာမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး မျောပါသေဆုံးခဲ့ရကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။