Trending Now

လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရန် ပယ်ချခဲ့တဲ့ နေတိုးကို ယူကရိန်းသမ္မတ ရှုတ်ချ

Spread the love

လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရန် ပယ်ချခဲ့တဲ့ နေတိုးကို ယူကရိန်းသမ္မတ ရှုတ်ချ

EPN
နိုင်ငံတကာ၊ မတ် ၅

ယူကရိန်မှာ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရန် ပယ်ချခဲ့တဲ့ နေတိုးကို ယူကရိန်းသမ္မတ ရှုတ်ချလိုက်ပါတယ်။
“မဟာမိတ်ခေါင်းဆောင်များက ယူကရိန်းမြို့ကြီးများနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ရန် မီးစိမ်းပြပြီး လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ရန် ငြင်းဆိုလိုက်ပါတယ်။” ယူကရိန်းသမ္မတ ဇလန်စကီကပြောပါတယ်။

ရုရှားက သိမ်းယူထားတဲ့ ယူကရိန်းနိုင်ငံအတွင်းရှိ ဥရောပရှိ အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်က ရုရှားကို ရှုတ်ချခဲ့ပါတယ်။

ဇာပိုရီဇီယားရှိ နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းနိုင်ငံသား စုစုပေါင်း ၁ ဒသမ ၂ သန်းကျော် အထိရှိလာတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

ရုရှားမီဒီယာများအပေါ် ကန့်သတ်ချက်များကြောင့် Facebook သုံးစွဲခွင့်ကို ပိတ်ပင်ထားတယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။