Trending Now

ဖားကန့်တွင် ညမထွက်ရ ​ဒေသန္တရ အမိန့်အား ပြင်ဆင်သတ်မှတ်

Spread the love

ဖားကန့်တွင် ညမထွက်ရ ​ဒေသန္တရ အမိန့်အား ပြင်ဆင်သတ်မှတ်

EPN
ဖားကန့်၊​ မေလ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ ပြည်သူများအ​နေဖြင့် ​မေလ(၁၅) ရက်​နေ့မှစ၍ ​နေ့စဥ် ည ( ၁၂ )နာရီမှ နံနက် (၄း၀၀)နာရီအထိ ညမထွက်ရန် ​ဒေသန္တရအမိန့်အား ထပ်မံ ထုတ်ပြန်လိုက်​ကြောင်း မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးမှ သိရသည်။

အသက်ရူလမ်း​ကြောင်းဆိုင်ရာ ​ရောဂါ Coronavirus Disease( COVID-19) သည် ကမ္ဘာတစ်ဝှမ်းကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွားလျှက်ရှိပါသည်။

အဆိုပါ ​ရောဂါကူးစက်ခံရမှုမရှိ​စေ​ရေးနှင့် အချိန်မီထိန်းသိမ်းနိုင်​ရေးတို့အတွက် အ​ရေး​ပေါ်ကိစ္စ​ပေါ်​ပေါက်ပါက သက်ဆိုင်ရာခွင့်ပြုချက်အရမှအပ ​မေလ(၁၅)ရက်​နေ့မှစ၍ ​နေ့စဥ် ည​(၁၂) နာရီမှ နံနက်(၄း၀၀)အထိ ညမထွက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ ညမထွက်ရ ​ဒေသန္တရအမိန့်သည် အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပ​ဒေအရ အ​ရေးယူခြင်းခံရမည် ဖြစ်​ကြောင်း ယင်း​ဒေသန္တရအမိန့် ​ကြေညာချက်တွင်ပါရှိသည်။

ဧပြီလ (၁၈)ရက်​နေ့က ညမထွက်ရန် ​ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါ​ကြေညာချက်တွင် ည(၁၀း၀၀)နာရီမှ နံနက် (၄း၀၀)အထိ ​ညထွက်ခြင်းမပြုရန် ထုတ်ပြန်ခဲ့ရာ၊ ယခု ထပ်မံထုတ်ပြန်ခဲ့သည့် ​ဒေသန္တရ ညမထွက်ရအမိန့်အရ ယခင်အမိန့်များအား လွှမ်းမိုး ပယ်ဖျက်လိုက်သည်ဟု ယင်းအမိန့်​ကြေညာချက်တွင်ဖော်ပြပါရှိသည်။

​နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။