Trending Now

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ (၆) တွင် ရေခဲသေတ္တာ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ (၆) တွင် ရေခဲသေတ္တာ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

EPN
ပမ္မတီး၊ ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ (၆) အိမ်အမှတ် (၁၄၄) နေအိမ်တွင် ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ ယနေ့ နံနက် ၁၁နရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကျေးတာဝန်ရှိသူများထံမှ သိရသည်။

ပမ္မတီးရပ်ကွက် နယ်မြေ (၆) အိမ်အမှတ် (၁၄၄) နေအိမ်တွင် သက်ကြီးအရွယ် အဖွားတစ်ဦးရှိနေချိန်တွင် ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း ပမ္မတီးရပ်ကျေး တာဝန်တစ်ဦးက ပြောပြသည်။

“ဒီနေ့ မနက်ပိုင်း ၁၁နာရီခွဲလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ် ဦးခမ်းမွန် နေအိမ်မှာ ဖြစ်ပါတယ် မီးလောင်ချိန်မှာ အသက်ကြီး အဖွားတစ်ဦးဘဲ ရှိတယ် ကျန်တဲ့ သူတွေက ဈေးရောင်း ထွက်ချိန်မှာ ဖြစ်သွားတာပါ လူနဲ့တိရိစ္ဆာန်ထိခိုက်တာ မရှိဘူး “ဟု ၎င်းက ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုအား မြစ်ကြီးနား မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၃) စီးနှင့် မြစ်ကြီးနား (နခလ) လေတပ်စခန်းမှ မီးသတ်ယာဉ် တစ်စီး လာရောက်ငြိမ်းသတ် ပေးခဲ့သည့် အတွက် အဆိုပါ မီးလောင်ကျွမ်းမူအား ၁၂နာရီ အချိန်ခန့်တွင် ငြိမ်းသတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ် ၂၀‌ ပေ ပတ်လည် သွပ်မိုးပျဉ်ထောင်အိမ်တစ်လုံးနှင့် ၂၀ပေ ၁၀ပတ်လည် သွပ်မိုးထရံကာ နေအိမ် တစ်လုံးတို့ ဆုံးရှုံးခဲ့ပြီးမီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်အား နယ်မြေခံ ရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။