Trending Now

မြစ်ကြီးနားတွင် အခိုးခံလိုက်ရသည့် ခြောက်ဘီးကားအား နန်းကွေ့ကျေးရွာအနီး ပြန်တွေ့၊ ကားပေါ်ပါ ပစ္စည်းများ ပျောက်‌‌ဆုံးနေ

Spread the love

မြစ်ကြီးနားတွင် အခိုးခံလိုက်ရသည့် ခြောက်ဘီးကားအား နန်းကွေ့ကျေးရွာအနီး ပြန်တွေ့၊ ကားပေါ်ပါ ပစ္စည်းများ ပျောက်‌‌ဆုံးနေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် ဖေဖော်ဝါရီ (၂၆) ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တုံဖုန်း ခြောက်ဘီးကားတစ်စီး ခိုးယူမောင်းပြေးသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းတုံဖုန်းကားအား ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် နန်းကွေ့ ကျေးရွာ၊ နောင်ပုံ ရထားသံလမ်း တံတားအောက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကားပိုင်ရှင်ထံမှ သိရသည်။

ယင်းနေ့ ညနေပိုင်းက ခေမာသီရိရပ်ကွက် ခေမာသီဝံ ဘုန်းကြီးကျောင်းအရှေ့တွင် ရပ်ထားသည့် အဆိုပါတုံဖုန်း ခြောက်ဘီးကားတစ်စီး သူခိုးတစ်ဦးမှ မောင်းယူသွားပြီး နန်းကွေ့ကျေးရွာ နောင်ပုံ ရထားသံလမ်း တံတားအောက်တွင် ရပ်ထားခဲ့ကာ ကားအတွင်းမှ ဘယ်ထရီအိုးများ၊ စက်သုံးဆီများနှင့် ဆန်၊ ဆီ၊ ဆားတို့အား ယူဆောင်သွားကြောင်း ကားပိုင်ရှင်က ပြောပြ သိရသည်။

“ ကျမတို့ ကားကို တွေ့တယ်လို့ အသိတစ်ယောက်က ဖုန်းလှမ်းဆက်ပေးလို့ ဒီနေ့ မနက် ၁၀ နာရီလောက်က နန်းကွေ့ ကျေးရွာ နောင်းပုံ ရထားသံလမ်းကူး တံတားအောက်မှာ ပြန်တွေ့ ခဲ့တယ် ကားတော့ ပြန်ရတယ် ဒါပေမယ့် ကားအတွင်းက ကားဘက်ထရီအိုးတွေ၊ ဆီတွေ အကုန်ယူသွားတယ် ကျမတို့ စားဖို့ ဆန်တွေလည်း ပါသွားတယ် “ဟု ၎င်းက ဆိုသည်။

အဆိုပါ ကားအား နန်းကွေ့ကျေးရွာ နောင်းပုံ ရထားသံလမ်းကူး တံတားအောက်တွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ယနေ့ နံနက်ပိုင်းက သွားရောက် ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းကားသည် မိသားစု စားဝတ်နေရေးအတွက် အသုံးပြုနေသော ကားဖြစ်သောကြောင့် ယခုကဲ့သို့ ပြန်လည်တွေ့ရန် အဘက်ဘက်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့သူ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းနှင့် ယခုနှစ်ပိုင်းအတွင်းတို့တွင် ကား၊ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ခံရမှုများနှင့် ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။