Trending Now

မြစ်ကြီးနားမြို့တွင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဆောင်ရွက်

Spread the love

မြစ်ကြီးနားမြို့တွင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဆောင်ရွက်

EPN
မြစ်ကြီးနား၊ ဇွန် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် အသိပညာပေး လုပ်ငန်းကို မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထ်ိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ဇွန်လ (၂၀)ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ယင်း အသိပညာပေးလုပ်ငန်းကို မြစ်ကြီးနားမြို့ စည်ပင်သာယာ ဈေး (၁)၊ ဈေး (၂)ကြား နှင့် စိမ်းမြဧရာပန်း ခြံရှေ့၊ ဆွမ်ပရာဘွမ်လမ်း ကချင်ပြည်နယ်လွှတ်တော်ရှေ့တွင် ပြုလုပ်ခဲ့ပြီး ဤသို့ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုးက ဆိုသည်။

“ကျွန်တော်တို့ဒီနေ့ ဒီမြစ်ကြီးနားမြို့ကနေစတင်ပြီးတော့ ဒီကချင်တစ်ပြည်နယ်လုံးအတွက်ကိုကျွန် တော်တို့ ရဲတပ်ဖွဲ့ကနေပြီးတော့ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက်ပေါ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ကတော့ ၂၀၂၀ပြည့်နှစ်မှာ အသစ်ပြဌာန်းလိုက်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေရေးဖြစ်ပါတယ်။”ဟု ရဲမှူးမြင့်မိုးက ပြောသည်။

ဤသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့တွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ နယ်ရဲတပ်ဖွဲ့၊ ရဲစခန်း၊ ရဲကင်းများသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပတ် (၁၃)ခု ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲမှူးမြင့်မိုးက ထည့်သွင်း ပြောဆိုခဲ့သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ပြည့်နှစ် မေလ ၂၆ရက်နေ့က အသစ်ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနှင့် ပတ်သက်၍ တားမြစ်ကန့်သတ်ချက်များ၊ ပြဌာန်းထားသည့် ဥပဒေပုဒ်မများ၊ ပြစ်ဒဏ်များ ပါဝင်ဝင်သည့် လက်ကမ်းစာဆောင်များကို ဖြန့်ဝေပေးခဲ့သည်။

ယင်းလုပ်ငန်းစဉ်ကို ကချင်တစ်ပြည်နယ်လုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနားမြို့တွင်း၌ ပထမဦးဆုံးအဖြစ် စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။