Trending Now

ရွှေကူမြို့၌ အကြိမ် (၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ပြုလုပ်

Spread the love

ရွှေကူမြို့၌ အကြိမ် (၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ပြုလုပ်

EPN
မြစ်ကြီးနား၊ ဧပြီ ၃ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့၌ အကြိမ် (၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခန့်က သာသနာ့ဗိမ္ဗာန်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ အကြိမ် (၅၀)မြောက် အစိုးရပါဠိ ပထမပြန်စာမေးပွဲများတွင် သာသနာ့ ဓမ္မာစရိယအောင် သံဃာ (၄)ပါး၊ ဓမ္မာစရိယ (၂) ကျမ်းအောင် သံဃာ (၆)ပါး၊ ဓမ္မာစရိယ (၁) ကျမ်းအောင် သံဃာ (၅)ပါး၊ ဓမ္မာစရိယ (၁) ကျမ်းအောင် သီလရှင် (၁)ပါး၊ ပထမကြီးအောင် သံဃာ (၄)ပါး၊ ပထမကြီးအောင် သီလရှင် (၁)ပါး၊ ပထမလတ်အောင် သံဃာ (၆)ပါး၊ ပထမငယ်အောင် သံဃာ၊ သီလရှင် (၃၀)ပါး၊ အခြေပြုမူလတန်းအောင် သံဃာ၊ သီလရှင် (၃၄) ပါး၊ စုစုပေါင်း စာအောင် သံဃာ၊ သီလရှင် (၉၁) ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်ခဲ့ကြပြီး၊ စေတနာရှင်၊ အလှူရှင် ဒါယိကာ၊ ဒါယိကာမများက မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များအတွက် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး၊ မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဝါဆိုကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် သုံးဆယ့်တစ်ဘုံရှိ ဝေနေယျပုဂ္ဂိုလ်တို့အား ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ စာအောင်သံဃာများနှင့် သီလရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။