Trending Now

ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တဲအချို့နှင့် စက်ယန္တရားများ နွံနစ်မြုပ်

Spread the love

ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တဲအချို့နှင့် စက်ယန္တရားများ နွံနစ်မြုပ်

EPN
ဖားကန့်၊ ဇွန် ၈

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယနေ့ည က မိုးသည်းထန်စွာရွာသွန်း၍ မျောကြောင်းများ ဖြစ်ပေါ်ရာမှ၊အဆိုပါ မျောကြောင်းများနှင့်အတူ နေအိမ်တဲအချို့နှင့် စက်ယန္တရာများ နွံနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ(၈)ရက်၊ နံနက်(၄း၃၀)အချိန်က ဆိပ်မူကျေးရွာအုပ်စု၊ အထက်မက်လင်ချောင်မှော်ကျေးရွာ အနီးရှိ သက်တမ်းကုန် လုပ်ကွက်ကျင်းဟောင်းနေရာမှ မိုးရေနှင့်အတူ မျောကြောင်းပေါက်ကျရာမှ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

အဆိုပါ မျောကြောင်း ပေါက်ကျမှုကြောင့် နေအိမ်တဲအချို့နှင့်၊ ဘက်ဟိုး(၂)စီး၊ မြေသယ်ယာဉ်(၁) စီး၊ ကား(၁)စီး နွံနစ်မြှုပ်ခဲ့ပြီး၊ လူနှင့်တိရစ္ဆာန် ပါဝင်နစ်မြှုပ်မှု အခြေအနေမသိရှိရသေးကြောင်း၊ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။

သတင်းအပြည့်အစုံ ဆက်လက်တင်ပြပါမည်
သတင်း- နောင်ရိုး
ဓါတ်ပုံ- ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။