Trending Now

ဟိုပင်မြို့မစျေးတွင် COVIDE-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

Spread the love

ဟိုပင်မြို့မစျေးတွင် COVIDE-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

EPN
ဟိုပင်မြို့၊ မတ် ၂၆

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ စည်ပင်သာယာမြို့မစျေးတွင် မတ်လ ၂၆ ရက်နေ့ ယနေ့ နံနက် ၈ နာရီအချိန်က မြို့မစျေးဝင်ပေါက်ခြောက်ခုတွင် လုပ်သားပြည်သူများ အလွယ်တကူလက်ဆေးနိုင်စေရန်အတွက် လက်ဆေးကန် (၆)ခုနှင့် ကော်ရိုနာဗိုင်းရစ်ပ် ( COVID- 19) အသိပညာပေး လက်ကမ်းစာစောင်များကို စည်ပင်ဦးစီးအရာရှိ ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သူနာပြုဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့များက ဖြန့်ဝေပေးခဲ့ ကြသည်။

အလားတူ လူမြင်ကွင်းနေရာများနှင့် လမ်းဆုံနေရာများတွင်လည်း COVIDE-19 အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းများကိုလည်း မေတ္တာရိပ်အသင်းနှင့်အတူ ပြုလုပ်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။