Trending Now

ရန်ကုန်မြို့တွင် စွန့်ပစ်ထားသည့် ကိုရီးယားအသားချောင်းများ စားသုံးမိရာမှ လူ ၅၀ ခန့်အစာအဆိပ်သင့်

Spread the love

ရန်ကုန်မြို့တွင် စွန့်ပစ်ထားသည့် ကိုရီးယားအသားချောင်းများ စားသုံးမိရာမှ လူ ၅၀ ခန့်အစာအဆိပ်သင့်

EPN
မြစ်ကြီးနား၊ မေ ၁၀

ဒဂုံအရှေ့မြို့နယ် ရွာသာကြီးဘူတာအနီး ရပ်ကွက်တွင် စွန့်ပစ်ထားသည့် ကိုရီးယားအသားချောင်းများ စားသုံးမိရာမှ ကလေး၊ လူကြီး စုစုပေါင်း ၅၀ ဦးခန့် ယမန်နေ့က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းဝင် ကိုမင်းဒင်ထံမှ သိရသည်။

အမိုက်ပုံများမှ ပုလင်း၊ဗူးများကို ကောက်ယူရောင်းချနေသည့် အမျိုးသမီး နှစ်ဦးက စွန့်ပစ်ထားသည့် ကိုရီးယားအသားချောင်း ထုတ်များကို ရပ်ကွက်အတွင်း သယ်ဆောင်လာပြီး တစ်ထုပ်လျင် ၂၅၀၀ ကျပ်နှင့် လာရောင်းသဖြင့် ရပ်ကွက်တွင်နေထိုင်သူများ ဝယ်စားကြရာမှ အမျိုးသား ၂၀ ဦးခန့် နှင့် အမျိုးသမီး ၃၀ ဦးခန့် အစာအဆိပ်သင့်မှု့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စွန့်ပစ်ထားတဲ့ အသားချောင်းတွေကို ဈေးပေါပေါနဲ့လာရောင်းတော့ ရပ်ကွက်ထဲက လူတွေက ဝယ်စားမိကြတာ စားပြီးတော့ အစာအဆိပ်သင့်ပြီး မူးတယ် အန်တယ် အသားတွေပြာလာတယ်”လို့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ အစာအဆိပ်သင့်ခဲ့သည့် လူ ၅၀ ခန့်အနက် ကလေးများကို ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး လူကြီးများကို စံပြဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း နှင့် အစာအဆိပ်သင့်သူများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ဝလုံး
Photo – Min Din

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။