Trending Now

TV စင်ရှိ Safe guard အပူလွန်ကဲရာမှ နေအိမ်နှစ်လုံးနှင့်ကားတစ်စီး မီးလောင်ဆုံးရှုံး

Spread the love

TV စင်ရှိ Safe guard အပူလွန်ကဲရာမှ နေအိမ်နှစ်လုံးနှင့်ကားတစ်စီး မီးလောင်ဆုံးရှုံး

EPN
မြစ်ကြီးနား၊ ဧပြီ ၉

မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံအနီးရှိ နေအိမ်တစ်လုံးတွင် TV စင်ရှိ Safe guard အပူလွန်ကဲရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှံးခဲ့သည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံနယ်မြေ ၈ အိမ်အမှတ် ၈/ ၂၁၅ ရှိ ဒေါ်ထုအိမ်၏ အိမ်မှ TVစင်ရှိ safe guard အပူလွန်ကဲရာမှ အနီးရှိ အိမ်ထရံသို့ မီးစတင်ကူးခဲ့ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ထိုမီးလောင်မှုကြောင့် အုတ်ခင်း ထရံကာ နေအိမ် နှစ်လုံးနှင့်အတူ လိုင်စင်မဲ့အဖြူရောင် ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ် ထုအိမ် (၄၀)နှစ်အား မြစ်ကြီးနားမြို့နယ် ပလနနယ်မြေရဲစခန်းမှ(ပ)၂၃/ ၂၀၂၂ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှု‌ဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။