Trending Now

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) ကို မတ်လ ၂၃ ရက်နေ့မှ စတင်ပိတ်သိမ်းမည် ဖြစ်သောကြောင့် ဒေသတွင်းကုန်စည်များ ပြတ်လပ်မှုမရှိစေရန် ချစ် ကြည်ရေးတံတား(၂)မှ ဖြတ်သန်းနိုင်ရန် ဆွေးနွေးနေ

Spread the love

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) ကို မတ်လ ၂၃ ရက်နေ့မှ စတင်ပိတ်သိမ်းမည် ဖြစ်သောကြောင့် ဒေသတွင်းကုန်စည်များ ပြတ်လပ်မှုမရှိစေရန် ချစ် ကြည်ရေးတံတား(၂)မှ ဖြတ်သန်းနိုင်ရန် ဆွေးနွေးနေ

EPN
တာချီလိတ်၊ မတ် ၂၂

တာချီလိတ်-မယ်ဆိုင် ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) ကို ထိုင်းနိုင်ငံဘက်မှ မတ်လ ၂၃ တွင် စတင်ပိတ်သိမ်းမည် ဖြစ်သောကြောင့် ဒေသတွင်းကုန်စည်များ ပြတ်လပ်မှုမရှိစေရေးအတွက် ချစ်ကြည်ရေးတံတား(၂)မှ ဖြတ်သန်းနိုင်ရန် ဆွေးနွေးနေကြောင်းသိရသည်။

ထို့ကြောင့် တာချီလိတ်၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် မယ်ဆိုင်ဘက်မှာ ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံကို ပြန်ကြရန်တိုက်တွန်းထားသည်။

ထို့အပြင် အဆိုပါ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားကို ယာယီပိတ်ထားခြင်းဖြစ်သောကြောင့် ကုန်ပစ္စည်းများကို အလွန်အကျွံမဝယ်ယူရန် သက်ဆိုင်ရာက တိုက်တွန်းထားသည်။

ဒေသတွင်း စားသုံးရန်အတွက် မှန်လုံယာဉ်ငယ်များဖြင့် တပိုင်တနိုင်သယ်ယူသည့် ကုန်စည်များကိုပါ ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ဖြတ်သန်းသယ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ဆက်လက်ဆွေးနွေးနေကြောင်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်လိုက်သည်။

ယခင် ချစ်ကြည်ရေး တံတား (၂) မှ ဖြတ်သန်းသည့် ကုန်တင်ယာဉ်များမှာ ၁၂ ဘီးကားကြီးများဖြင့် လက်ကား တင်သွင်းသည့် ကုန်တင်ယာဉ်များဖြစ်ပြီး ဒေသတွင်းစားသုံးရန် တပိုင်တနိုင်တင်သွင်းသည့် ကုန်စည်များမှာမူ တံတား (၁) ပေါ်မှ အခွန် ၃ ရာခိုင်နှုန်းပေးဆောင်ကာ ဖြတ်သန်းရခြင်းဖြစ်ပြီး ယခုအခါ တံတား (၁) ကို ပိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် အဆိုပါကုန်တင်ယာဉ်ငယ်များပါ တံတား (၂) မှ ဖြတ်သန်းနိုင်ရေး ဆက်လက်ဆွေးနွေးနေခြင်း ဖြစ်သည်။

ဗိုလ်ဉာဏ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။