Trending Now

ညှိုနှိုင်းမှု အဆင်မပြေသည့်အတွက် ရင်စိန်ပုဂ္ဂလိကဆေးရုံမှ သူနာပြုထက်ဝက်ခန့် နှုတ်ထွက်မည်

Spread the love

ညှိုနှိုင်းမှု အဆင်မပြေသည့်အတွက် ရင်စိန်ပုဂ္ဂလိကဆေးရုံမှ သူနာပြုထက်ဝက်ခန့် နှုတ်ထွက်မည်

 

EPN
မြစ်ကြီးနား ၊မတ် ၄

 

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ရင်စိန်ပုဂ္ဂလိကအထူးကုဆေးရုံတွင် ဆန္ဒပြသူနာပြုများနှင့် ဆေးရုံတာဝန်ရှိသူများ ယမန်နေ့တွင် တွေ့ဆုံညှိုနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက် သူနာပြုထက်ဝက်ခန့် နှုတ်ထွက်သွားရန် စီစဉ်လျက်ရှိကြောင်း ညှိုနှိုင်းရာတွင် ပါဝင်ခဲ့သည့် သူနာပြုတစ်ဦးက ပြောဆိုသည်။

 

ရင်စိန် ဆေးရုံအား ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ၊ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၊ သူနာပြုအလုပ် စတင်ခေါ်ယူစဉ်က အကြီးတန်းသူနာပြု တဦး၏ အလုပ်ချိန်ကို တစ်လလျင် နာရီပေါင်း ၂၄၀ နှင့် လုပ်ခလစာ ၅ သိန်းကျပ် ၊ အငယ်တန်းသူနာပြု တစ်ဦး အလုပ်ချိန်ကို တစ်လလျင် နာရီပေါင်း ၂၄၀ ၊ လုပ်ခလစာ ၄ သိန်းကျပ်ဖြင့် အလုပ်ရှင် အလုပ်သမား နှစ်ဘက် သဘောတူညီစွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သတ်မှတ်ထားသော်လည်း မတ်လ ၁ ရက်နေ့မှစတင်ကာ အလုပ်ဆင်းချိန် နာရီပေါင်း ၆၀ တိုးမြှင့်ပြီး လုပ်ခလစာ တိုးမြှင့်ခြင်းမရှိသည့်အတွက် ဆေးရုံမှ သူနာပြုအများစုမှာ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြမှုနှင့် ပတ်သက်၍ ရင်စိန်အထူးကုဆေးရုံက တာဝန်ရှိသူများနှင့် သူနာပြုတို့ ယမန်နေ့က ပြန်လည်ညှိနှိုင်းမှုပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့သည့်အတွက် နှုတ်ထွက်ရန်ဆုံးဖြတ်ထားကြောင်း အကြီးတန်းသူနာပြုတစ်ဦးက ပြောဆိုသည်။

“မနေ့က ကျွန်မတို့ ဲ့သူနာပြု အယောက် ၄၀လောက် ‌ဆေးရုံက တာဝန်ရှိသူတွေနဲ့ သွားတွေ့ခဲ့တယ် သူတို့ဘက်က လိုက်လျောမှုအနေနဲ့ အလုပ်ဆင်းချိန် နာရီအနည်းငယ်လျော့ပေးတယ် နောက်ပြီး ၃၁ လကုန်ရက်တွေမှာ အလုပ်ဆင်းတဲ့သူတွေကို အချိန်ပိုကြေးမယ် ပြောတယ် ကျမတို့က အဆင်မပြေဘူး အရင်လို တစ်လကို အလုပ်ဆင်းချိန် နာရီ၂၄၀ဆို အဆင်ပြေတယ် အခုက ဘာမှမတူးခြားဘူး ဒါကြောင့် အလုပ်ထွက်ကြမယ် တချို့လည်း အလုပ်အကိုင်ရှားပါးလို့ ပြန်လုပ်မယ့်သူလည်းရှိနေတယ် “ဟု ၎င်းကပြောသည်။

 

အဆိုပါ ရင်စိန်ဆေးရုံတွင် သူနာပြု ၅၀ ကျော်ရှိနေပြီး အလုပ်ပြန်ဆင်းမည့် သူနာပြုများအနေဖြင့် ယမန်နေ့က တွေ့ဆုံညှိုနှိုင်းထားသည့် စည်းကမ်းချက်များအတိုင်း ပြန်လည်လုပ်ကိုင်ရမည်ဖြစ်ပြီး အဆင်မပြေမှုများရှိပါက သုံးလအတွင်း ထပ်မံညှိုနှိုင်းမှုများပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။