Trending Now

ကိုအမောင် အခမဲ့ဆေးခန်း၌ အသည်းရောင် အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး လူဦးရေ တစ်ထောင်ကျော် ထိုးနှံပြီးစီး

Spread the love

ကိုအမောင် အခမဲ့ဆေးခန်း၌ အသည်းရောင် အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး လူဦးရေ တစ်ထောင်ကျော် ထိုးနှံပြီးစီး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ကိုအမောင် အခမဲ့ဆေးခန်းမှ အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေးထိုးပေးလျက်ရှိရာ လူဦးရေ ၁၁၃၂ ဦးကို ထိုးနှံပေးခဲ့ကြောင်း ကိုအမောင် အခမဲ့ဆေးခန်းတည်ထောင်သူ ဦးတင့်ဆွေ ကပြောသည်။

ကိုအမောင် အခမဲ့ဆေးခန်းတွင် အသည်းရောင် အသားဝါ (ဘီ)ပိုး ကာကွယ်ဆေးအား ၁၃ကြိမ်မြောက်အသုတ် အထိ ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး၊ဒုတိယအကြိမ် ထိုနှံခြင်းအတွက် ၁၀ကြိမ်မြောက်အသုတ်ကို ယမန်နေ့ သြဂုတ်လ ၁၅ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း၊၁၁ ကြိမ်မြောက်အသုတ်၏ ဒုတိယအကြိမ် ထိုးနှံခြင်းကို သြဂုတ်လ ၂၁ ရက်နေ့တွင် မြို့ဦးကျောင်းတွင် လည်းကောင်း၊၁၂ ကြိမ်မြောက်အသုတ် ထိုးနှံခြင်းကို မဟာဂန္နာရုံစာသင်တိုက်နှင့် ၁၃ ကြိမ်မြောက် ထိုးနှံခြင်းတို့ကို သမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်တွင် လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အသည်းရောင် အသားဝါ (ဘီ)ပိုး ကာကွယ်ဆေးက လူတစ်ဦးကို သုံးကြိမ်ထိုးရတယ်။ ပထမအကြိမ်ထိုးပြီးရင် တစ်လခြားပြီး ဒုတိယအကြိမ်တစ်ခါ ပြန်ထိုးတယ် တတိယ တစ်ကြိမ်ကိုတော့ ခြောက်လခြားပြီး ထိုးရတာ။
အားလုံး၁၃ကြိမ်ရှိသွားပြီ။မနေ့ကထိုးတာက ၁၀သုတ်မြောက်ရဲ့ ဒုတိယအကြိမ်။တစ်ယောက်ကိုသုံးကြိမ်ထိုးရတာ။သုံးခါထိုးပြီးတာကတော့ ကိုးကြိမ်အထိပြီးသွားပြီ”ဟု ဦးတင့်ဆွေက ပြောသည်။

ကချင်ပြည်နယ်အတွင်း အရက်သောက်သုံးသူ များပြားသည့်အတွက် အသည်းရောင်အသားဝါ ဘီပိုးရောဂါ ဖြစ်ပွားမှုမရှိစေရန်နှင့် ၂၀၃၀ ခုနှစ်တွင် ဘီးပိုးလုံးဝ ပျောက်ကင်းစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ် ကြောင်း ယင်းကပြောသည်။

“ရည်ရွယ်ချက်ကတော့ ၂၀၃၀မှာ ဘီပိုးလုံးဝပပျောက်ရေး ရည်ရွယ်ချက်ပေါ့။နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ အရက်သောက်တဲ့သူများတယ်။အရက်သောက်တဲ့သူတွေကအသည်းရောဂါတွေရပြီးဘီပိုးဖြစ်တဲ့သူတွေလည်းများတယ်။ဘီပိုးဆိုတာကလည်းလုံးဝအရှင်းပျောက်အောင်ကုလို့မရဘူး။စီပိုးကကျတော့ကုလို့ရတယ်။ဘီပိုးကျတော့သူကသေတဲ့အထိဆေးကစားရမှာ။ဘီပိုးဖြစ်သွားရင်နေ့စဥ်သောက်ရမှာဆိုတော့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ဘီပိုးမဖြစ်လာအောင်ကြိုတင်ကာကွယ်ပေးချင်တာ။ဘီပိုးဖြစ်သွားရင်နောက်ဆုံးအသည်းကင်ဆာအထိဖြစ်သွားနိုင်တယ်” ဟု ယင်းက ထပ်မံပြောသည်။

၎င်းအပြင် ကိုအမောင်အခမဲ့ဆေးခန်း ၆နှစ်ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကို ကြိုဆိုသောအားဖြင့် လူဦးရေ အယောက် ၅၀၀ကို ယခုနှစ်အတွင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်ရှိသည့် ကိုအမောင်အခမဲ့ဆေးခန်းသည်၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခမဲ့ဆေးခန်းကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင် ညနေ ၅:၃ဝအချိန်မှ လူနာများ လာရောက်ပြသသည့် အချိန်ထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။